အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို ချက်ချင်း အပစ်အခတ်ရပ်စဲဖို့အတွက် အိုမန်၊ ကာတာနဲ့ ဆော်ဒီအာရေးဗီယားတို့ ဖိအားပေးဖို့ အီရန်နိုင်ငံက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်အနေနဲ့ အီရန်နိုင်ငံကလည်း နျူကလီးယား စေ့စပ်ညှိနှိုင်းမှုအတွက် လိုက်လျောညီထွေရှိမှုကို ပြသမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

အစ္စရေးရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် အီရန်နိုင်ငံရဲ့ အကြီးဆုံး ယူရေနီယံ သန့်စင်ရေး စက်ရုံ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေး အကြီးအကဲက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဇွန်လ ၁၆ ရက် မနေ့က အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ နိုင်ငံပိုင်သတင်းဌာနက Live လွှင့်နေချိန် အဆောက်အဦးကို ဒုံးကျည်ထိမှန်ပြီး သတင်း‌ကြေညာနေတဲ့ အမျိုးသမီးဟာ စတူဒီယိုထဲကနေ ထွက်ပြေးခဲ့ရသလို သတင်းဌာနက ဝန်ထမ်းအများအပြားလည်း သေဆုံးခဲ့တယ်လို့ အီရန်အစ္စလာမ်သတင်းဌာနနက်ဝပ်က ဆိုပါတယ်။

အစ္စရေးစစ်တပ်ကတော့ အဆိုပါ အဆောက်အအုံဟာ အီရန်လက်နက်ကိုင် တပ်ဖွဲ့တွေ အသုံးပြုတဲ့ ဆက်သွယ်ရေးစင်တာတစ်ခုလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူ့ရဲ့ Truth လူမှုကွန်ရက်ပေါ်ကနေ ဇွန်လ ၁၆ ရက်ညပိုင်းမှာ “တီဟီရန်မှာ နေထိုင်သူတိုင်း ချက်ချင်းရွှေ့ပြောင်းဖို့ လိုတယ်” လို့ သတိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတု နီးကပ်လာတာနဲ့အမျှ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုများကို မြန်မာစစ်တပ် ကျူးလွန်နေကြောင်း IIMM ထုတ်ပြန်

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ လက်ရှိ ရွေးကောက်ပွဲအကြိုကာလတွေမှာ နိုင်ငံအတွင်း ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ရုရှားနှင့်တရုတ်ထံမှ ရဟတ်ယာဉ်နှင့် လေယာဉ်များ မြန်မာစစ်တပ်ရယူနေ

မြန်မာအနေနဲ့ သွေးထွက်သံယိုဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ နိုင်ငံတကာဖိအားတွေ ရှိနေပေမယ့် အာဏာသိမ်း စစ်ကော်မရှင်ကတော့ ရုရှားနဲ့ တရုတ်ဆီကနေ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေ ရယူပြီး လေတပ်အင်အားဖြည့်နေတယ်လို့ ပြောပါတယ်။
Read More

ဆီးဂိမ်းဝင်ပြိုင်နေသည့် မြန်မာဘောလုံး အမျိုးသား၊ အမျိုးသမီးအသင်းများ အုပ်စုအဆင့်မှ လှည့်ပြန်လာရ

အကြမ်းဖက်စစ်တပ်လက်အောက်ကနေ ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာအမျိုးသား U23 ဘောလုံးအသင်းနဲ့ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းတို့ဟာ အုပ်စုအဆင့် နောက်ဆုံးပွဲစဥ်တွေ ယှဥ်ပြိုင်အပြီးမှာ အသီးသီးရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေရှိရာ ထိုင်း-မြန်မာ နယ်စပ်မြို့များကို ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အား စတင် ဖြတ်တောက် 

ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး လျှပ်စစ်ဓာတ်အားပေးနေမှုတွေကို ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာပြည်ကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် အတည်ပြု

မြန်မာပြည်မှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဘေးဒုက္ခရောက်ရှိခဲ့ရတဲ့ ပြည်သူတွေကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ပံ့ပိုးဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အတည်ပြုလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါတယ်။