ကချင်ပြည်နယ်၊ ဖားကန့်ရှိ မရှီကထောင်ရပ်ကွက်၊ ယူမာကျေးရွာအဝင် တံတားလေးအနီးမှာ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ရုပ်အလောင်းကို ဇွန်လ ၁၇ရက် ဒီနေ့မနက်ပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူ အမျိုးသားဟာ ဘယ်ဘက်မျက်လုံးတစ်ဖက် ပစ်ခတ်ခံထားရသလို ဘယ်နေ့တုန်းက ဖမ်းဆီးသတ်ဖြတ်ခံထားရမှန်း မသိရဘူးလို့ ဆိုကြပါတယ်။

ဇွန်လအတွင်း ဖားကန့်နယ်ထဲမှာ သတ်ဖြတ်ခံရသူ ၈ယောက် ရှိပြီး အဲဒီထဲမှာ ၆ယောက်က သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။ ပြီးခဲ့တဲ့ မေလ ၂၇ရက်က ဖားကန့်မြို့ လုံခင်း ယမ်းချက်စက်ရုံဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာပြီးနောက်ပိုင်း အခုလို သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီစစ်ကြောင်း ရောက်လာပြီးတဲ့နောက်ကျမှ ဒီပြဿနာကြီးက အထွေးလိုက် အရေးပါလာတာ။ ဆက်တိုက်ကြီးကိုဖြစ်တာဗျာ၊ တိုက်ဆိုင်တာမဟုတ်တော့ဘူး၊ အဲလိုဖြစ်တာပေါ့၊ သီးသန့်ကြီးကိုမှ သပ်သပ်ကိုပုံဖော်နေတာဖြစ်သွားပြီ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဖားကန့်နယ်ထဲမှာ ဖုန်းလိုင်းအခက်အခဲတွေ ရှိသလို နယ်မြေဒေသ အုပ်ချုပ်သူတွေကလည်း နယ်မြေတွေကို ကန့်သတ်ထားတဲ့အတွက် သေဆုံးသူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

“ဒါတွေက အရင်က KIA လုပ်ထုံးလုပ်နည်းတွေ၊ KIA က ဒါမျိုးတွေလုပ်ခဲ့ဖူးတော့ ဒီပုံစံတွေကို သူတို့(စစ်တပ်)က ပုံတူရိုက်ပြီးတော့ မင်းတို့ကို ဒီလိုလုပ်မှာပဲဆိုတဲ့ ပုံစံမျိုး၊ KIA အုပ်ချုပ်မှုအောက်မှာ PDF တွေနဲ့ အနီးကပ်နေရင်တော့ ဒီလိုမျိုး ရက်ရက်စက်စက်အသတ်ခံရမှာပဲ ဆိုတဲ့ပုံစံမျိုး နိုင်ငံရေးသိက္ခာကျစေဖို့ ပုံမှားရိုက်ပြီး သူတို့လုပ်ပြီးတော့မှ သူတို့က KIA ကို အပစ်ပုံချတယ်။ အဲလိုမျိုးလို့ယူဆတယ်” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

ဇွန်လ ၁၇ရက် ဒီနေ့ မနက် ၉နာရီလောက်မှာလည်း မှော်စီစာမှာ စစ်ကောင်စီတပ်၊ SNA တပ်ဖွဲ့တွေနဲ့ KIA / KPDF တပ်တွေ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတဲ့အတွက် အဲ့နေရာတဝိုက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရသလို တချို့တွေလည်း ရွာတွေထဲမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

MNDAA (ထောက်/ပို့) ဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲ

မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA (ထောက်/ပို့) ဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့ ၂၀၂၄ ခုနှစ် အပတ်စဉ်(၃) ကျန်းမာရေးဝန်ထမ်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ MNDAA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှုအတွင်း တရုတ်ထုတ်လက်နက်များ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ တရုတ်ထုတ် လက်နက်တွေ ပါဝင်နေတာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။
Read More

ကော်သူးလေ အုပ်ချုပ်မှုနယ်မြေထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်

KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းက နေရာတချို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။  
Read More

ပုလဲတွင် လမ်းမှားပြီးရောက်လာသည့် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိ…

“နယ်မြေမကျွမ်းကျင်မှုတွေရော သူတစ်ယောက်တည်းကွဲပြီးတော့ တောထဲမှာ ရောက်လာတယ်။ တောထဲမှာရောက်လာတော့ ကျနော်တို့ အမြဲတမ်း အထိုင်ချကာထားတဲ့ ကာကင်းဘက် မျက်စိလည်လမ်းမှားရောက်လာလို့ ကျနော်တို့ ရဲဘော်လက်ထဲ ဖမ်းမိလိုက်တာ ” လို့ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်းရဲ့ တပ်ခွဲမှူးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူတစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပင်လည်ဘူးတိုက်ပွဲကို ခိုးကြောင်ခိုးဝှက် ပို့ဆောင်ခံရသူတွေထဲက ဗိုလ်မှူး ဖြိုးကိုကိုဦး ထပ်မံသေဆုံးကြောင်း သတင်းထွက်လာပြီးနောက် တပ်အတွင်း တင်းကျပ်မှုတွေ ပိုများလာ

ပင်လည်ဘူးမြို့ကို ပို့ဆောင်ခံရတဲ့ ဂန့်ဂေါ ခလရ ၅၀ တပ်က စစ်ကောင်စီအဖွဲ့ဝင်တွေထဲ 2IC အဆင့်ရှိသူ ဗိုလ်မှူးဖြိုးကိုကိုဦး ဆေးကုသခွင့်မရတဲ့ ဒဏ်ရာနဲ့သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်လာပြီး တပ်တွင်းတင်းကြပ်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။