ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ဒီနေ့မှာ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ တနင်္သာရီတိုင်းလွှတ်တော်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ ရန်ကုန်တိုင်းလွှတ်တော်၊ ဧရာဝတီတိုင်းလွှတ်တော်၊ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကယားပြည်နယ် လွှတ်တော်သုံးရပ်ကော်မတီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီတို့က ပူးတွဲ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

“ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ပြည့် မွေးနေ့မှသည် သက်တော်ရာကျော်ရှည်ပါစေကြောင်းနှင့် အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း မွေးနေ့ဆုမွန်ကောင်း တောင်းအပ်ပါသည်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ လိုလားတောင့်တချက် သဘောထားဆန္ဒဖြစ်တဲ့ ဒီမိုကရေစီ ရှင်သန်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ဟာ ပြည်ထောင်စုရဲ့ အနာဂတ်နိုင်ငံရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တယ်လို့ အလေးအနက် ယုံကြည်လက်ခံကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဥပဒေမဲ့လုပ်ရပ်​တွေကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စပြုနေတဲ့ နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေဟာ တောင်ပေါ်၊ မြေပြန့်၊ ကျေးလက်၊ မြို့ပြမကျန် နေရာဒေသအစုံမှာ အထွေထွေအကြပ်အတည်းတွေကို အဆိုးဝါးဆုံး ရင်ဆိုင်ကြုံတွေ့နေရပြီး ပြည်ထောင်စုရဲ့ အနာဂပတ်ဟာလည်း မရေရာ၊ မသေချာမှုတွေနဲ့ အလွန်စိုးရိမ်ရတဲ့ အခြေအနေ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီရှင်သန်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေအပါအဝင် Key Stakeholders အားလုံး သဘောတူတဲ့ နိုင်ငံရေးအခင်းအကျင်းကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရမှာဖြစ်ပြီး အဲဒီ နိုင်ငံရေး အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ပြီးမှသာ အခြား နိုင်ငံရေးအစီအမံတွေကို ဆက်လက် ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်ပသာမက ပြည်တွင်း delivery လုပ်ငန်းအချို့ပါ ခတ္တရပ်နားထားရ

အာဏာသိမ်း စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းထဲမှာပါ delivery service (အမြန်ချောပို့) လုပ်ငန်းတွေကိုလည်း သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

ရှစ်လေးလုံးမှ ထုဆစ်ပေးလိုက်သည့် နွေဦးတော်လှန်ရေးသည် စစ်မျက်နှာပေါင်းစုံဖြင့် စစ်အာဏာရှင်စနစ် အမြတ်ပြတ်စေဖို့ လုပ်ဆောင်နေသည့်ကာလ ဖြစ်ကြောင်း NUG ထုတ်ပြန်

၈၈၈၈ လူထုအရေးတော်ပုံကြီးကနေ ထုဆစ်ပေးလိုက်တဲ့ ၄ နှစ်ကျော်ကြာ နွေဦးတော်လှန်ရေးကာလဟာ စစ်မျက်နှာပေါင်းစုံနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေဖို့ လုပ်ဆောင်နေတဲ့ကာလ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၇)နှစ်မြောက်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

မဲဇလီ-ဆည်တော် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ ဘန်ကာ ၃ လုံး ပြိုကျပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ယောက်သေဆုံးပြီး (၁) ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ မကွေးတိုင်း ပ.က.ဖ ရဲ့ ရွေ့လျားစစ်ကြောင်း Yenanthar Column က ထုတ်ပြန်ထားပါတယ်။
Read More

မြေပြန့်ဒေသတွင် စစ်ရေးဖော်ဆောင်ဖို့ MDY PDF လူငယ်များကို ဖိတ်ခေါ်နေ 

မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသမှာ စစ်ရေးတွေ ဖော်ဆောင်ဖို့ တော်လှန်စစ် ဆင်နွှဲလိုတဲ့ လူငယ်လူရွယ်တွေကို ဖိတ်ခေါ်တယ်လို့ မန္တလေး PDF က မနေ့က မတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး ပျက်စီး

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဂဠုန်စစ်ကြောင်း (P29908) နဲ့ ကျားဖြူစစ်ကြောင်း (P29909) ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ အဖြစ်က နုတ်ထွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) ရှိ ဂဠုန်စစ်ကြောင်း (P29908) နဲ့ ကျားဖြူစစ်ကြောင်း (P29909) တို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ အဖြစ်က နုတ်ထွက်ပြီး ဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။