အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) တပ်မဟာ (၆၁၄) က တပ်သားတစ်ယောက် လက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့တယ်လို့ People’s Defence Force Katha District B – 04 ဆီက သိရပါတယ်။

ဇွန်လ၉ရက် ညနေ ၄နာရီလောက်မှာ အဆိုပါတပ်သားဟာ SNAလက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့တဲ့အတွက် လက်နက်တွေယူဆောင်လာပြီး People’s Defence Force Katha District B – 04 ထံ အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

SNA တပ်သားတွေဟာ အစားအစာ လုံလောက်စွာမစားရသလို ညှင်းပမ်းနှိပ်စက်မှုတွေလည်း ပြုလုပ်တဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရင် အသတ်ခံရနိုင်ကြောင်း မကြာခဏပြောဆိုထားတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

“သူတို့ကလာသာလာရတာ ခပ်လန့်လန့်လို့ပြောတယ် ။ အရဲစွန့်ပြီးလာရတာ။ လက်နက်ပါတော့ ပိုဆိုးတာပေါ့။ SNA သူတို့အနေနဲ့ကတော့ အရမ်းငတ်တယ်၊ပြီးတော့လည်း နေရတာမပျော်ဘူးပေါ့နော်၊ သူတို့ကို အကြောက်တရား သွင်းထားပုံရတယ် ကြည့်ရတာ၊သူတို့က အနောက်ဘက်ခြမ်းဒေသကဆိုတော့ ရိုးသားကြတယ်။ တစ်နေ့လုံးနေလို့တောင် မြို့ပေါ်တွေ မရောက်တဲ့သူတွေဆိုတော့ အဲဒါတွေကို အကြောက်တရားတွေ ရိုက်ထည့်ထားတော့ ပိုဆိုးတာပေါ့”လို့ People’s Defence Force Katha District B – 04 တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အလင်းဝင်လာတဲ့ SNA တပ်သားဟာ M 23 တစ်လက်နဲ့ ခဲယမ်းတွေကို ယူဆောင်လာတဲ့အတွက် ငွေကျပ်သိန်း ၁၅၀ ကိုလည်း ကသာခရိုင်တပ်ရင်း ၄ နဲ့ ဗန်းမောက်မြို့နယ်ဌာနဆိုင်ရာက ထောက်ပို့ပြည်သူတွေက ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတပ်သားဟာ မိမိသဘောဆန္ဒအလျောက် SNA တပ်ဖွဲ့ထဲ ဝင်တာမျိုးမဟုတ်ဘဲ တပ်သားသစ်တွေခေါ်ယူချိန် မဲပေါက်ပြီး ဝင်ရောက်ခဲ့ရတာလို့ ဆိုပါတယ်။ SNA တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ နယ်မြေဟာ ရွှေတွင်းတွေကို အဓိက လုပ်ဆောင်တဲ့အတွက် အဲဒီက ရရှိတဲ့ငွေတွေ နဲ့ လက်နက်ဝယ်တာ၊ တပ်သားသစ်စုဆောင်းတာမျိုးတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

“သူက SNA မှာ တာဝန်ထမ်းဆောင်နေတာ၂နှစ် ပြည့်တော့မယ် ပြောတယ်။ သူတို့ဆီမှာ မဲဖောက်တာ တစ်ရွာကို ဘယ်နှယောက်ဆိုပြီးမှခေါ်တာ မဲပေါက်သွားလို့ မဝင်မနေရ ပါသွားတာ အများကြီးပဲရှိတယ်။ အဲ့မှာဝင်နေတဲ့ ရဲဘော်တိုင်းက မဲဖောက်လို့ဝင်နေရတဲ့သူက ခပ်များများပဲ။ အဲ့ဘက်မှာရွှေနယ်မြေပေါ့။ ရွှေတို့ ၊ သစ်တို့ထုတ်တယ်။ သယံဇာတပစ္စည်းတော့ တအားပေါတယ်။ အဲဒါတွေကိုပဲ သူတို့က အခွင့်ကောင်းယူပြီးမှ ခဲယမ်းတွေဝယ် လူသစ်တွေစုဆောင်းပေါ့။ အဲလိုတွေနဲ့ပဲ ပြည်သူတွေကို အကြောက်တရား ထည့်တာတွေလည်း ပါတာပေါ့” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါ အလင်းဝင်တပ်သားဟာ လက်နက်ကိုင်ဆောင်တာမျိုး မလုပ်တော့ဘဲ အခြားစီးပွားရေးတွေကိုသာ ဆက်လက်လုပ်ကိုင်လိုတဲ့အတွက် တပ်ရင်းအနေနဲ့ စီစဉ်ဆောင်ရွက်ပေးထားတယ်လို့လည်း သိရပါတယ်။

People’s Defence Force Katha District B – 04 တပ်ရင်းထံ အလင်းဝင်ရောက်သူဟာ အထက်ပါ တပ်သားအပါအဝင် ၃ ယောက်ရှိပြီး အဲဒီထဲမှာမှ ၂ ယောက်ဟာ လက်နက်နဲ့ အလင်းဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ဖြူမြို့နယ်တွင်း တိုက်ပွဲများတွင်  စစ်ကောင်စီတပ်ရင်းလိုက် AA ထံ လက်နက်ချအလင်းဝင်မှုများ ရှိနေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အာရက္ခတပ်တော် AA ဆီ တပ်ရင်းလိုက် လက်နက်ချအလင်းဝင်တာတွေ ရှိနေတယ်လို့ AA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြို့အထိနာမှု အနည်းဆုံးဖြစ်လာနိုင်သည့် စစ်တွေတိုက်ပွဲ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်းမှာ စစ်ကောင်စီတပ်တွေ မရှိတာကြောင့် မြို့နာတာ အနည်းဆုံး တိုက်ပွဲဖြစ်လာလိမ့်မယ်လို့ သုံးသပ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 
Read More

အမေရိကန် အကြီးတန်းသံအမတ် မြန်မာ့အရေးကို ထိုင်းမှာ လာရောက် ဆွေးနွေးမယ်

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ တာဝန်ခံမှုရှိစေဖို့ အမေရိကန် အကြီးတန်း သံအမတ်ကြီးဖြစ်သူ Beth Van Schaack ဟာ ထိုင်းနိုင်ငံကို လာရောက်ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့…
Read More

ယင်းမာပင်ခရိုင်အတွင်း ဗုံးခိုကျင်းများ ကြိုတင်တူးထားကြဖို့ ခရိုင် (ပ.အ.ဖ) တိုက်တွန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက မြို့တွေမှာ လေကြောင်းရန်ကာကွယ်ရေးအတွက် ကြိုတင်ပြီး ဗုံးခိုကျင်းတွေ တူးထားကြဖို့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့အနီးရှိ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၁ ဦးသေဆုံး ၊ ၃ ဦးဒဏ်ရာရ…

"ထိတွေ့မှုလဲမရှိဘူးဗျ ၊ ဒီတိုင်းချဲသွားတာဗျ ဟိုတယ်က မဖွင့်ထားဘူးဗျ ၊ လောလောဆယ် ဒီလောက်ပဲသိရသေးတယ်" လို့ မိုးကုတ်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကန့်ဘလူကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁၆ ယောက်သေ၊ အများအပြား ထိခိုက်ဒဏ်ရာရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ကနေ ကန့်ဘလူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၆ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။