မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက စစ်ရှောင်အမျိုးသမီး ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က ကမ္မ-ရေပြာလမ်းပိုင်းနဲ့ ငါးမိုင်အကွာအထိ ကင်းယူထားတဲ့ အကြမ်းဖက်စစ်​ကောင်စီတပ်ဟာ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်က သစ်ပုလွေကုန်းကျေးရွာအနီးထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။
အခုလိုမျိုး စစ်ကြောင်းထိုးဝင်ရောက်နေချိန် ကြောက်လန့်တကြား ထွက်ပြေးတဲ့ အရပ်သားတွေကို အကြမ်းဖက်စစ်​သားတွေက ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် အင်းဘတ်ကျေးရွာနေစစ်ရှောင်အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ရပါတယ်။

” သေတဲ့အမျိုးသမီးက အသက် ၄၀ ကျော်လောက်ဖြစ်မယ်။ တောတိုက် မှာရှောင်နေချိန်စစ်ကြောင်းနဲ့တွေ့တော့ ကြောက်လို့ပြေးကြတယ်ပေါ့။ အဲ့လိုနဲ့အပစ်ခံရတာပါ။” လို့ အညာမြေအရပ်ဖက် လူမှု့အဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် လက်နက်ကြီးတွေလည်း ၁၀ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တဲ့အတွက် သံဘိုကျေးရွာစစ်ရှောင်တွေရဲ့ နွားတွေလည်း ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

လက်ရှိအချိန်အထိ အကြမ်းဖက်စစ်ကြောင်းဟာ ကမ္မ-ရေပြာလမ်းပိုင်းကို ခန့်မှန်းအင်အား ၇၅၀၊ ကားတန်း ၁၀၀ ကျော်နဲ့ နေရာယူထားတယ်လို့လည်း သိရပါတယ်။

” အခုထိစစ်ကြောင်းက ပခုက္ကူနယ် ဂျိုးပျံရယ် မန်ကျည်းသုံးပင်ရယ်ကြားမှာပဲ ရှိသေးတယ်။ အများကြီး မရွှေ့သေးဘူး။ မိုင်းတွေခွဲရှင်းနေတယ်လို့လည်း ပြောတယ်။ ရေပြာ နဲ့ ကမ္မကြားက တပ်မကို မဖြတ်ရဲလို့ကြာနေတာ။ အခုလည်း ဒီကောင်တွေ ကမ္မ-ရေပြာလမ်းပိုင်းဘေးဘက်ကိုကို ၅မိုင်လောက်ဖြန့်ယူထားတဲ့သဘောပါ။ ” လို့ အညာမြေအရပ်ဖက် လူမှု့အဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ပခုက္ကူခရိုင်အတွင်း ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစလို့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မြေပြင်၊ ဝေဟင် အင်အားတွေနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး ပေါက်အခြေစိုက် ကပစ ၂၄ ရှိရာအထိ သွားရောက်နိုင်တယ်လို့လည်း သိရပါတယ်။

ဒီအတွက် ပခုက္ကူ၊ ကမ္မ၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေကအရပ်သားသောင်းနဲ့ချီဟာ မိုးရေထဲ ဘေးလွတ်ရာတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

ပုံစာ – ဇွန်လ ၁၂ရက်က ပခုက္ကူနယ်အတွင်း စစ်ရှောင်နေသူတွေကို တွေ့ရစဥ်
ဓာတ်ပုံ – အညာမြေအရပ်ဖက်လူမှု့အဖွဲ့စည်း-မြိုင်
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့်ဒေသများကို လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရန်ကုန်မှာ ဆန္ဒပြ

လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့မှာ ငလျင်ဒဏ်သင့် ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများနှင့် မိသားစုဝင်များကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမှာ အရပ်သားတွေ အိပ်မောကျချိန် စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချလို့ ၁ ယောက်သေဆုံးကာ ၁၅ ယောက်ခန့် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ခံခဲ့ရသည့် တပ်သားတစ်ဦး MRG တပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သားတစ်ယောက် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG ထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

သာယာဝတီထောင်မှာ နိုင်ကျဉ်း ၂ ယောက်ကို ထောင်အာဏာပိုင်တွေ အကြောင်းမရှိအကြောင်းရှာ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂ယောက်ကို ထောင်အာဏာပိုင်တွေက အကြောင်းပြချက်မဲ့စွာ တိုက်ပိတ်အရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က သတင်းထုတ်ပြန်ထားပါတယ်။
Read More

RCSS နဲ့ SSPP ထိတွေ့ တိုက်ပွဲတွေ များပြားလာမှုကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိ

ရှမ်းမြောက်က မိုင်းကိုင်ဒေသမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မနေ့က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။