မတ်လနှောင်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှုဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ပိုဆိုးလာဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့မှာ ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာ့စီးပွားရေးဟာ ၂.၅ ရာခိုင်နှုန်း ကျုံ့သွားဖွယ်ရှိကြောင်း၊ အဓိကအားဖြင့် မတ်လက ၇.၇ ပြင်းအားရှိ ငလျင် လှုပ်ခတ်သွားမှုကြောင့် ပိုင်ဆိုင်မှုနဲ့ အခြေခံအဆောက်အအုံတွေ တိုက်ရိုက်ပျက်စီးမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ သို့မဟုတ် မြန်မာနိုင်ငံ GDP ရဲ့ ၁၄ ရာခိုင်နှုန်း ရှိနိုင်ကြောင်း၊ စီးပွားဖြစ်မှုမှာ ဒေါ်လာ ၂ ဘီလီယံခန့် ထပ်မံ လျော့နည်းဖွယ်ရှိကြောင်း သိရပါတယ်။

ငလျင်ကြောင့် လူပေါင်း ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး ၉ သန်းခန့်က အပြင်းအထန် ထိခိုက်ခဲ့ရကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

“ငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ သိသိသာသာ ဖြစ်ပေါ်ခဲ့ပြီး ခက်ခဲနေတဲ့ စီးပွားရေးအခြေအနေကလည်း ပိုဆိုးရွားလာတာကြောင့် မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည်အားကို ထပ်မံစမ်းသပ်နေသလို ဖြစ်နေကြောင်း” ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲညွှန်ကြားရေးမှူး Melinda Good က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

“ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေက ထိခိုက်အလွယ်ဆုံးသော ပြည်သူတွေကို ကူညီဖို့ မရှိမဖြစ် လိုအပ်တယ်” လို့ သူက ပြောထားပါသေးတယ်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် အမရပူရမြို့၌ အပျက်အစီးများ ပြိုကျနေသည့် အဆောက်အဦများကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ REUTERS/Stringer)

ကမ္ဘာ့ဘဏ်ရဲ့ ဒီဇင်ဘာလခန့်မှန်းချက်မှာတော့ မြန်မာနိုင်ငံရဲ့ ရေကြီးရေလျှံမှုကြောင့် မတ်လမှာကုန်ဆုံးမယ့် ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်မှာ စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ဆိုထားခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာတဲ့ မြန်မာ့ပြည်တွင်းပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ပြည်ပဖိအားကြောင့် အပစ်အခတ်ရပ်စဲဖို့ ကြေညာခဲ့တဲ့ စစ်ကောင်စီဟာ ငလျင်ဒဏ်သင့် ဒေသတွေအပါအဝင် နိုင်ငံအနှံ့ နေရာအများအပြားကို လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ပါတယ်။

ငလျင်ဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ မန္တလေးနဲ့ နေပြည်တော်တို့လို နေရာတွေမှာတော့ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်မှာ တစိတ်တပိုင်း ပြန်မကောင်းခင် ဧပြီလကနေ စက်တင်ဘာလအတွင်း သူတို့ထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံအထိ ဆုံးရှုံးဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

မြေငလျင်ကြောင့် နိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုနှုန်းကို ၂.၈ ရာခိုင်နှုန်းအထိ တိုးလာစေပြီး အိမ်ထောင်စုတွေကို ဆင်းရဲတွင်းနက်ထဲ ပိုတွန်းပို့နိုင်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ငလျင်မလှုပ်မီ စစ်တမ်းတစ်ခုအရ ၂၀၂၄ ခုနှစ်မှာ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၃၁ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

“မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေ စုပေါင်းမှုဟာ အိမ်ထောင်စုတွေရဲ့ စီမံခန့်ခွဲမှုယန္တရားကို ပြင်းပြင်းထန်ထန် ဖိစီးမှုဖြစ်စေတယ်” လို့ ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင်နဲ့ ပရိုဂရမ်ခေါင်းဆောင် Kim Edwards က ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း – Earthquake worsens Myanmar’s economic decline, World Bank says

0 Shares:
You May Also Like
Read More

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး နယူးယောက်မြို့ UN  ရုံးချုပ်​ရှေ့ ချီတက်ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီးက Dag Hammerskjold Plaza မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar ခေါင်းစဉ်နဲ့ လူထုထောက်ခံချီတက် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။
Read More

တရုတ် ကျားဖြန့်နှိမ်နင်းရေးအဖွဲ့ မြဝတီရောက်လာ

တရုတ် မှုခင်းစုံစမ်းရေးဗျူရို (CIB) အဖွဲ့တစ်ဖွဲ့ဟာ မြန်မာပြည်နယ်စပ် မြဝတီကို ရောက်ရှိလာတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇူလိုင်လ ၇ ရက်က ဖော်ပြပါတယ်။ 
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ကြားလာသည့် ဟွန်ဆင်နှင့် ဖုန်းခေါ်ဆိုမှုကိစ္စ ထိုင်းဝန်ကြီးချုပ် တောင်းပန်၊ ညွန့်ပေါင်းဖွဲ့စည်းမှု ယိုင်နဲ့လာ

"ပေါက်ကြားလာတဲ့ ကမ္ဘောဒီးယားခေါင်း‌ဆောင်နဲ့ ပြောဆိုထားတဲ့ အသံဖိုင်က လူထုကို အဆင်မပြေ ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်" လို့ ကြာသပတေးနေ့ မနက်က သတင်းစာရှင်းလင်းပွဲမှာ ပတွန်တန်က ပြောပါတယ်။
Read More

နယူးယောက်တွင် ရောင်နီ မဖျော်ဖြေခင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် ငြိမ်သက်ဆုတောင်းခဲ့

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ရောင်နီ ဖျော်ဖြေပွဲ ကျင်းပခဲ့ပြီး ပွဲမစတင်ခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ တစ်မိနစ် ငြိမ်သက် ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ မြန်မာစစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေးဖိတ်တဲ့ကိစ္စ ဝန်ကြီးချုပ်အနေနဲ့ ကြေလည်စွာဖြေရှင်းပေးဖို့ ထိုင်းလွှတ်တော်မှာ တောင်းဆို

ငလျင်ဒဏ်သင့်နေတဲ့ မြန်မာပြည်သူလူထုအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘန်ကောက်မှာ ပြုလုပ်တဲ့ BIMSTEC အစည်းအဝေး ဖိတ်ကြားတဲ့ကိစ္စ ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ် အနေနဲ့ သေချာရှင်းလင်းပေးဖို့ ဧပြီလ ၃ ရက် ထိုင်းအောက်လွှတ်တော်အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။