ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ Karenni Human Rights Group (KnHRG) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ဖယ်ခုံမြို့နယ်အတွင်း တစ်နေရာကို ပစ်မှတ်ထားပြီး လက်နက်ကြီး (၄)လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၁၉)နှစ်အရွယ် အရပ်သားပြည်သူ အမျိုးသားတစ်ယောက် ထိခိုက်သေဆုံးခဲ့ပြီး လူနေအိမ် (၄) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ တစ်လတာအတွင်းမှာတင် အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၉၃ ယောက်ထက်မနည်း သေဆုံးပြီး ကလေးငယ် ၁၃၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့ စတင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့မှာ စတင်ခဲ့တယ်လို့ အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုနှင့် နေပြည်တော်အနီး ရစ်ချက်တာစကေး ၅.၄ နှင့် ၄.၂ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးနဲ့ နေပြည်တော်အနီးမှာ ရစ်ချက်တာစကေး ၅.၄ နဲ့ ၄.၂ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမှာ ဝါဇီစက်ရုံတိုက်ခိုက်ခံထားရတဲ့ စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်၊ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ ထိမှန်လို့ အရပ်သား ၅ ဦးသေပြီး ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဝါဇီစက်ရုံ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက မြို့အနောက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 
Read More

မတ္တရာက ပြည်သူ့ရဲဘော်တွေကို စစ်သည်တော်ကျင့်ဝတ် လက်ကမ်းစာစောင်များဖြန့်ဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ရဲဘော်တွေကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး လက်ကမ်းစာစောင်တွေ နဲ့ စစ် သည်တော်ကျင့်ဝတ် လက် ကမ်းစာစောင်များကို မနေ့က ပေးဝေခဲ့ တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ NUG က ထုတ်ပြန်ပါတယ်။
Read More

BPLA ၏ NCO (အကြပ်) သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ NCO (အကြပ်)သင်တန်း၊ အပတ်စဥ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂ ရက်က အမှတ် ၁၀၇ စစ်ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

စိတ်ရင်းစေတနာကောင်းနဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်၊ အဂတိလိုက်စားသူရဲ့ ပိုင်ဆိုင်မှုကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအတွက် စိတ်ရင်းစေတနာကောင်းကို အရင်းခံပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်လို့  ပြောကြားလိုက်ပါတယ်။