ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာမှာ ဒေသခံ အမျိုးသမီးတစ်ယောက် ခြံရှင်းလင်းရင်း စစ်ကောင်စီရဲ့ လက်ကျန်မိုင်းကို ထိမိကာ ဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၉)ရက် မနက်ပိုင်းမှာ အသက် (၅၀) အရွယ် ဒေသခံအမျိုးသမီးဟာ ခြံအတွင်း သစ်ကိုင်းတွေ ရှင်းလင်းနေချိန် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အခင်းဖြစ်ပွားခဲ့တဲ့နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နဲ့ နယ်စည်းမခြားပရဟိတအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာရ အမျိုးသမီးကို ဆေးကုသဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် မေလ (၂၉)ရက်ကလည်း နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာနေ အမျိုးသားတစ်ယောက် ဟိုပေါ်အထက်ကျေးရွာအနီး မိုင်းတစ်လုံး နင်းမိကာ ညာခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

ပညာရေးကဏ္ဍ အလေးထားမြှင့်တင်မယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ခန့်အပ်ရန် မေ့ကျန်ခဲ့

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတ (တာဝန်) ရာထူး ရယူပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ကျန်နေခဲ့တာကြောင့် ဖြည့်စွက်ဖွဲ့စည်းခဲ့တယ်လို့ ထပ်မံထုတ်ပြန်ထားပါတယ်။
Read More

လူ့အခွင့်အရေးနေ့တွင် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဥ်းများကို လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်း တောင်းဆို

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သားဖြစ်သူ ကိုထိန်းလင်းက ဒီက‌နေ့တောင်းဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာပြည်မှာတော့ လူ့ဂုဏ်သိက္ခာ၊ အမှန်တရား၊ တရားမျှတမှုတွေကို အကြမ်းဖက်အာဏာရှင်က နေ့စဉ် ချိုးဖျက်နေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
Read More

မော်လမြိုင်၊ ဈေးကြိုပွဲရုံကနေ ကုန်ကား ၂ စီးစာ ကုန်ပစ္စည်းတွေ စစ်ကောင်စီ သိမ်းဆည်းသွား

မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ရတနာထွန်းပွဲရုံကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကုန်ကား ၂ စီးစာ ပမာဏရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများကို ဘင်္ဂလားဒေ့ရှ်ထံ AA က ပြန်လည်လွှဲပြောင်း

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲ ဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁၅ စီးကို ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ အာရက္ခတပ်တော် AA က မနေ့က နိုဝင်ဘာ ၂၀ မှာ ထုတ်ပြန်ပါတယ်။
Read More

ခမရ ၅၈၆ တပ်မှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၃ ဦးကို ရေးဘီလူး ထိန်းသိမ်းထား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခမရ ၅၈၆ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၃ ယောက်ကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ရန်ကုန်ဗျူဟာစစ်​ကြောင်းထံ စစ်မှုထမ်း တပ်သား ၂ ဦး လက်နက်များဖြင့် အလင်းဝင်

ကရင်ပြည်နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သားသစ် ၃ ယောက်က လက်နက်တွေနဲ့အတူ ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။