ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ အနောက်မြောက်စစ်ဒေသရဲ့ ကြီးကြပ်ရေးကော်မတီဝင်၊ စစ်သင်တန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကဗျာဆရာ ညီလင်းခ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ ကဗျာဆရာ ညီလင်းခက စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူ့လွတ်မြောက်ရေး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးသွားတယ်လို့ ဆိုပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ – ဗလကသ အနေနဲ့လည်း ကဗျာဆရာညီလင်းခ ကျဆုံးတဲ့အပေါ် မိသားစုဝင်တွေ၊ ရဲဘော်ရဲဖက်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး မပြီးပြတ်သေးတဲ့ စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့ စစ်အာဏာရှင်ကျရှုံးရေးတိုက်ပွဲမှာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းကွန်းမှလာသည့် စစ်တပ်စစ်ကြောင်း ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ အများအပြား သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မင်းကွန်းရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စုဘက် ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ရဲနဲ့ စစ်သားအများအပြား ထိခိုက်သေဆုံးပြီး စစ်ကြောင်းပျက်ကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ No More Dictatorship-NMD တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်နှင့် တပူးထိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ် ဆက်လက်မီးရှို့နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ နောင်ထော်ရွာသစ်နဲ့ တပူးထို ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNOပြည်သူ့စစ်က မီးဆက်လက်ရှို့နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီထံမှ ပြည်သူ့စစ် သုံးဦး ပြည်သူ့ရင်ခွင်ထံ ခိုလှုံ

ချင်းပြည်နယ်၊ ဟားခါးဒေသမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ပြည်သူ့စစ် ၃ ဦးဟာ ပြည်သူ့ရင်ခွင်ကို ပူးပေါင်းလာတယ်လို့ Chinland Defense Force – Hakha က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ခမရ (၅၅၇)တပ်ရင်းမှ တပ်သား(၁)ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇)တပ်ရင်းက စစ်သား(၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်တော်မြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါ ၁၈ ဦး သေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို အများပြည်သူ အိပ်မောကျနေချိန် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
Read More

AA ထိန်းချုပ်ရာ နေရာများတွင် စက်တင်ဘာလအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၃ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာရ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားရာဒေသမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၂၃ ယောက် သေဆုံးပြီး ၄၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ULA/AA က ဒီနေ့ ထုတ်ပြန်ပါတယ်။