စစ်ကောင်စီဟာ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်ကို ရာထူးတာဝန်တွေကနေ ဖယ်ရှားလိုက်ပြီးနောက် နန်းတွင်း စစ်ကြောရေးမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ဆင်ရေးရောက်ရှိနေတဲ့ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်ကို ဖားကန့်မှာ စစ်ရေးစိုးမိုးထားနိုင်သယောင် သတင်းလိမ်လည်တင်ပြမှုနဲ့ ကိုယ်ကျိုးရှာစီးပွားရေး လုပ်ဆောင်မှုတွေအတွက် ရာထူးတာဝန်ကနေ ဖယ်ရှားကာ အရန်အင်အားပြောင်းရွှေ့  စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

“တပ်မ ၃၃ ခြေမြန်ဌာနချုပ်ရဲ့ တပ်မမှူးကိုပေါ့နော်.. ဖားကန့် တပ်မကုန်းကနေ မြစ်ကြီးနားကို အရင်ခေါ်တယ်။ ခေါ်ပြီးကာမှ မန္တလေး နန်းတွင်း စစ်ကြောရေးမှာ တွဲဖက်ထားပြီးတော့ အရန်အင်အားကိုလည်း ပို့လိုက်တယ်။ ပြီးရင် စစ်ကြောရေးတွေ လုပ်နေတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 

အခုလို စစ်ကောင်စီက တပ်မမှူး ကျော်ဆက်မြင့်ကို စစ်ကြောရေးလုပ်နေတာဟာ ဖားကန့်ဒေသကို စစ်ရေးစိုးမိုးထားသယောင် သတင်းလိမ်လည် တင်ပြမှုနဲ့ ကိုယ်ကျိုးစီးပွါး လုပ်ဆောင်နေမှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ 

တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်

ဗိုလ်ကြီးဇင်ယော်က ဆက်လက်ပြီး “သူကတပ်တွေ လိမ်တာတွေလည်း ရှိတယ်။ ပြီးတော့ စစ်ရေးဖြစ်စဉ်တွေ ထိန်ချန်တာတွေရှိတယ်။ အဓိကကတော့ ကျောက်တူးတာတွေ၊ ရွှေရှာတဲ့ဟာတွေမှာ တရားမဝင် စီးပွားရေးလုပ်နေလို့ စစ်ကြောရေးလုပ်နေတာလို့ သိရတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့် နေရာမှာ တပ်မမှူးအသစ်အဖြစ် စစ်ဦးစီးတက္ကသိုလ်က ဗိုလ်မှူးကြီး ကောင်းမင်းထွဋ်ကို ခန့်အပ်ထားတယ်လို့ ကနဦးသိရပါတယ်။ 

“အရန်အင်အား သွင်းထားပြီဆိုတော့ ပြုတ်ဖို့တော့ နီးနေပါပြီ။ ထောင်ကျခြင်း၊ မကျခြင်းကတော့ သူ့ထွက်ဆိုချက်အပေါ် မူတည်နေပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ဗိုလ်မှူးချုပ် ကျော်ဆက်မြင့် နည်းတူ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော်ကိုလည်း စစ်ကောင်စီက ရာထူးကနေ ဖယ်ရှားပစ်လိုက်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို PIO/PIA ဖမ်းဆီးရမိ

မကွေးနဲ့ ရခိုင်ပြည်နယ်အစပ် နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းကနေ လက်နက်ကိုယ်စီနဲ့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ယောက်ကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျောတိုက်နယ်အတွင်း ရွှေပင်ရွာ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး ၁ ပွင့်ဗိုလ် သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောတိုက်နယ်အ‌တွင်းရှိ စစ်အုပ်စုဂိတ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော်မတီ (YDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဂန့်ဂေါမြောက်ပိုင်းတွင် ဖဲဝိုင်းမှ ပြန်ခေါ်လာရသည့် မိန်းမဖြစ်သူကို ယောက်ျားဖြစ်သူ ရိုက်သတ်ကာ ကိုယ်တိုင်လည်း ကြိုးဆွဲချသတ်သေ၊ ရပ်ကျေးပအဖများ အကောက်ယူ ဖွင့်ထားသည့် ဖဲဝိုင်းဖြစ်သည်ဟု ဆို

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ရပ်ကျေးပအဖ တာဝန်ခံတွေ အကောက်ယူ ဖွင့်လှစ်ထားတဲ့ ဖဲဝိုင်းကနေ မိန်းမဖြစ်သူကို သွားရောက်ခေါ်ဆောင်ရာကနေ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ပြီး ယောက်ျားဖြစ်သူက မိန်းမကိုရိုက်သတ်ကာ ကိုယ်တိုင်လည်း ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို ပြောပါတယ်။
Read More

တစ်လအတွင်း ရန်ကုန်တွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံရသူ ၁၀၀ ကျော်ရှိ

အကြမ်းဖက်စစ်တပ်က ရန်ကုန်တိုင်းမှာ တစ်လအတွင်း နည်းမျိုးစုံနဲ့ အဓမ္မ ဖမ်းဆီးခဲ့သူ လူ ၁၀၀ ကျော်ရှိတယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံရသူတွေအနက် ၁၁၄ ယောက်ရဲ့ ဖြစ်စဉ်ကို Rangoon Scout Network က သိရှိခဲ့ရပြီး အဲဒီလူတွေထဲက အယောက် ၂၀ ကို စစ်မှုထမ်းသင်တန်းကျောင်းနဲ့ အကျဉ်းထောင်တွေဆီ စစ်တပ်က ပို့ဆောင်ခဲ့တယ်လို့ Rangoon Scout Network က ဆိုပါတယ်။
Read More

KNU အုပ်ချုပ်မှုနယ်မြေရှိ စာသင်ကျောင်းကို ကျောင်းချိန်အတွင်း စစ်တပ် ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်းက အခြေခံပညာအလယ်တန်းကျောင်းကို အကြမ်းဖက်စစ်တအ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ 
Read More

အရက်ဝယ်ပြီး ပြန်လာသည့် စစ်အုပ်စု မြို့လယ်ခေါင်တွင် ပစ်ခတ်တိုက်ခိုက်ခံရ၊ ၄ ဦး သေပြီး ၁ ဦး လွတ်မြောက်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းမှာ အရက်ဝယ်ပြီးပြန်လာတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ရေဦးမြို့နယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။