အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကို ဒီနေ့က စပြီး တာဝန်မှ အနားယူခွင့်ပြုလိုက်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဦးကျော်ဇော်အနေနဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ အဖြစ်ကနေ အနားယူလိုက်ပေမယ့် နိုင်ငံတော် သမ္မတရုံးရဲ့ ဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနဲ့ ပေါင်းစပ်ညှိနှိုင်းရေးတာဝန်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဦးကျော်ဇော်ကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ “လွန်ခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ယုံကြည်စွာ အပ်နှင်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ အစိုးရအဖွဲဝင်များနဲ့ သမ္မတရုံးအတွင်းဝန်တို့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ရင်းနဲ့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တဲ့အတွက် အလွန်တရာမှ ဂုဏ်ယူဝမ်းမြောက်ရတယ်” လို့ အသိပေး ပြောကြားထားပါတယ်။ 

ဦးကျော်ဇောအနေနဲ့ ဆက်ပြီး တာဝန်ယူလုပ်ဆောင်သွားမယ့် အခန်းကဏ္ဍအသစ်မှာ နိုင်ငံတော်ယာယီသမ္မတရဲ့ မျှော်မှန်း ဆောင်ရွက်ချက်တွေကို မြှင့်တင်ပေးကာ သမ္မတရုံးရဲ့ အဓိကအဖွဲဝင်တစ်ဦးအဖြစ် ဆက်လက် ပါဝင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုလောမှာ CDM ဝန်ထမ်းတွေကို ဖမ်းဆီးရန် သတင်းလိုက်ပေးသည့် အုပ်ချုပ်ရေးမှူးသားအဖ ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးဖို့ စစ်တပ်ကို သတင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူလာပြီး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက နယ်ထိန်း ဒုတပ်ကြပ် ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောမြို့နယ်က ရေးဘေးသင့် ကျေးရွာတစ်ခုကို တော်လှန်ရေးအဖွဲ့တွေက ထောက်ပံ့ငွေ ၁၈၄ သိန်းပေးအပ်

မကွေးတိုင်း၊ ဆောမြို့နယ် အမှတ် (၁) စစ်ဒေသထဲက စိုးမိုးနယ်မြေတစ်ခုမှာ ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတစ်ရွာကို ငွေကျပ် ၁၈၄ သိန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း The Youth Force-Saw & Kyaukthu ကထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ အကြမ်းဖက် သီတာယုမွန်လက်အောက်ခံ စစ်အုပ်စုတွေက ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန် လက်အောက်ခံပျူစောထီးတွေက ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ပြီး လက်ဝတ်ရတနာတွေ ယူဆောင်သွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစု တရားဝင်ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က မနေ့ကညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ် (၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ်(၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနားပုံရိပ်တွေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ဖော်ပြထားပါတယ်။