အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ကို တော်ဝင်ဒေါင်းတပ်ဖွဲ့ဝင်တွေက ဂုဏ်ပြုကြိုခဲ့ကြတယ်လို့ သိရပါတယ်။

 ရဲဘော်တွေဟာ “Suu 80 Birthday Campaign” မှာ ပါဝင်ခဲ့ကြပြီး ဒိုက်ထိုးလေ့ကျင့်ခန်းအကြိမ်ရေ ၈၀ နဲ့ ခေါင်းစိုက် ၈၀ စက္ကန့်ပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်ပါစေကြောင်း ဆုတောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

တခြားပြည်သူ့ကာကွယ်ရေးတပ်ရင်းက ရဲဘော်တွေအနေနဲ့လည်း “Suu 80 Birthday Campaign” မှာ ပါဝင်ကြဖို့ တော်ဝင်ဒေါင်းတပ်ရင်းက တိုက်တွန်းထားပါတယ်။

Video – Royal Peacock Column-P 29913

0 Shares:
You May Also Like
Read More

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ”ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၅/၂၀၂၅”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ''ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် - ၅/၂၀၂၅"
Read More

အောင်လံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ လိုက်ထရပ်ယာဉ်မိုင်းဆွဲခံရပြီး ၇ ယောက်သေကာ အများအပြားဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း အောင်လံမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်က အကြမ်းဖက်စစ်သား ၂၅ ယောက် လိုက်ပါစီးနင်းလာတဲ့ လိုက်ထရပ်ယာဉ်ကို ကြူဝပ်/ကျောက်ပုံကျေးရွာနဲ့ သံပုရာခုံကျေးရွာအကြားမှာ တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲပြီး လက်နက် ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ် လို့ သရက်ခရိုင် အမှတ် - ၁ တပ်ရင်းထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ နောင်ပိန်ရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားသေး ၁ စီးနှင့် ၆ ဘီးကား ၁ စီး ရေထဲမျောပါပြီး လူ ၂ ဦး ပျောက်ဆုံးနေ (ရုပ်သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နောင်ပိန်ရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟွန်ဒါဖစ်ကား ၁ စီးနဲ့ ၆ ဘီးကား ၁ စီး ရေထဲမျောပါသွားကာ လူ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

ပလိုင်းပျူစောထီးစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၅ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းပျူစောထီးစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၈ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကြေးနီတင်ယာဉ်နဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၂ စီး ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၂ စီး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ချောင်းဦး မြို့အခြေစိုက် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အရက်ဝယ်ထွက်လာသည့် စစ်ကော်မရှင်တပ်သား ၃ ဦး တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်း အရက်ဝယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၃ ယောက်ကို တိုက်ခိုက်ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Special Task Force ngazun က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။