စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ပစ်ချခံခဲ့ရတဲ့ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာကို စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၀ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ မင်းတိုင်ပင်ကျေးရွာ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ စပါးစေ့ကျေးရွာမှာ စစ်ကောင်စီရဲ့ တိုက်လေယာဥ်က စက်ချို့ယွင်းပြီး ပျက်ကျခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဆိုပါတယ်။

ဒါပေမယ့် ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က အဆိုပါဂျက်ဖိုက်တာကို သူတို့ပစ်ချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာရဲ့ လေယာဉ်အမျိုးအစားနဲ့ လေယာဉ်မှူးတွေ ထိခိုက်သေဆုံးမှု ရှိမရှိကို ဆက်လက်စိစစ်နေဆဲ ဖြစ်တယ်လို့ PLA က ဆိုပါတယ်။

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ဇွန်လ ၂ ရက်ကတည်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ဦးဆောင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ သင်တန်းသား ၂၀၀ ကျော်ပါ စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲကို မနေ့က အောက်တိုဘာ ၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းသား ရဲဘော်အသစ် ၂၀၀ ကျော်ကို ၄လကျော်ကြာ သင်ကြားပေးခဲ့ပြီးနောက် အခုလို သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
Read More

ရွာငံမှာ မြို့အဝင်ဘီးခွန်ဂိတ်၊ မူးယစ်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တွေက စစ်အုပ်စုတွေ ဝင်ရောက်ပစ်ခတ်ခံရပြီး ရဲအရာရှိ၁ယောက်အပါ ၁၃ယောက်သေ

ရှမ်းတောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့မှာ မြို့အဝင်ဘီးခွန်ဂိတ်အပါအဝင် မူးယစ်ရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့က အကြမ်းဖက်စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး မူးယစ်ရဲအရာရှိ၁ယောက် အပါအဝင် အကြမ်းဖက်ရဲနဲ့ စစ်သား ၁၃ယောက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

ကမ္ဘာကလေးများနေ့ အထိမ်းအမှတ်စွမ်းရည်ပြိုင်ပွဲ အကြိုဆုရ ကျောင်းသူ၊ ကျောင်းသားတွေကို သပိတ်ကော်မတီက ဆုချီးမြှင့်

စစ်ကိုင်းတိုင်းအတွင်း နိုဝင်ဘာ ၂၀ ရက် ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာကလေးများနေ့  အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ် နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ တာဝန်ခံ နဲ့ တိုက်နယ် (၃) ပညာရေး တာဝန်ခံတို့ကြီးမှူးကျင်းပတဲ့ စွမ်းရည်ပြိုင်ပွဲ အကြိုပြုလုပ်ရာ ဆုရတဲ့ ကျောင်းသားကျောင်းသူတွေကို မုံရွာ-အမြင့်လမ်း သပိတ် ဦး‌ဆောင်ကော်မတီက သွားရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

သီပေါမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ရရှိ

ရှမ်းပြည်နယ်၊ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အလုံးစုံး သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြင်းမူမှာ ဝန်ထမ်းအိမ်ရာဝန်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဝန်ထမ်းအိမ်ရာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ယောက် သေဆုံးကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံက သိရပါတယ်။
Read More

ဒီးမော့ဆိုတွင် စစ်တပ်နှင့် KNDF နေ့စဥ် တိုက်ပွဲပြင်းထန်နေ၊ ကျေးရွာနေပြည်သူများ လုံခြုံရေးသတိရှိကြရန် KNDF အသိပေး

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာ နေရာတွေနဲ့ နီးစပ်တဲ့ ကျေးရွာတွေက ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့နဲ့ နယ်မြေခံတော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။