ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားတဲ့ စစ်တပ်စခန်းနဲ့ စစ်ကူစစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးပြီး လက်နက် ၈ လက် သိမ်း ဆည်းရရှိခဲ့တယ်လို့ KNDF မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၃ ရက် နံနက်အစောပိုင်းက လွိုင်ကော်မြို့နယ် သပြေကုန်းရွာဘုန်းကြီးကျောင်းဝင်းအတွင်း အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင် ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်နေစဉ်အတွင်း ဆီဆိုင်ဘက်မှ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကူစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအယောက် ၂၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း MA-1 ၅ လက်၊ AK-47 ၁ လက်၊ MA-4 ၁ လက်၊ RPG ၁ လက်နှင့် အခြားလက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ နှင့်အတူ ဗျူဟာအမှတ်-၂ အောက်ရှိ တပ်ရင်းများနှင့် မဟာမိတ်တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ ကြပြီး ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – KNDF

0 Shares:
You May Also Like
Read More

ကမ်းနီရွာရှိ ဗလီကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့နယ် ကမ်းနီရွာရှိ ဗလီကို ဧပြီ ၂၂ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမှတစ်ဆင့် သိရပါတယ်။
Read More

သီတာယုမွန် ပျူအဖွဲ့ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီး ကားပေါ်ပါသည့် ၅ ဦးလုံး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ အဖွဲ့သားတွေ စီးနင်းလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ထံက သိရပါတယ်။
Read More

အညာမြေတပ်ပေါင်းစုမှ ကျဆုံးရဲဘော်များ၏ မိသားစုတစ်စုလျှင် ကျပ် ၁၄၅ သိန်းထောက်ပံ့ပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုဦးညွှတ် (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ မိဘတွေထံ သွားရောက်ကာ မိသားစုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၁၄၅ သိန်းပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ဂုဏ်ပြုဦးညွှတ်ခြင်းနဲ့ ရှိခိုးကန်တော့ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့နယ်အတွင်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမင်‌ကျေးရွာကနေ အင်အား ၁၈၀ ခန့်စုဖွဲ့ပြီး တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်မှု ဒုရဲအုပ် ကျော်ဇင်ထွန်းနှင့် စစ်သား ၄ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ကျော်ဇင်ထွန်းနဲ့ စစ်သား ၄ ယောက် သေဆုံးကာ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဆင်ပေါင်ဝဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၈ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြှောင်ဂိတ်ကနေ ဝါးစေ့မြှောင်ဂိတ်ကိုလာတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေဟာ ဧပြီ ၂၃ ရက် ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ယောက်အပါအဝင် ၈ ယောက်သေခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။