စစ်ကောင်စီဟာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ယောက်ကို စွပ်စွဲဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလူ ၁၆ ယောက်ထဲမှာ စစ်ကောင်စီက ချိုထွန်းအောင်ကို ပစ်ခတ်ခဲ့သူဖြစ်သလို Golden Valley Warriors တပ်ဖွဲ့ဝင်လို့ သူတို့ ယူဆထားတဲ့ မျိုးကိုကိုရဲ့ ဇနီးဖြစ်သူနဲ့ အသက် ၆ နှစ်အရွယ် သမီးငယ်ကိုပါ ဖမ်းဆီထားခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီဖြစ်စဉ်မှာ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် သေဆုံးမှုအတွက် ဖမ်းဆီးရရှိမှု အခြေအနေကို သတင်းထုတ်ပြန်ရာမှာလည်း ကစားစရာသေနတ်ပုံကို သက်သေခံပစ္စည်းအဖြစ် ဖော်ပြလာတာပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ရှင်းလင်းခဲ့တဲ့ Golden Valley Warriors အဖွဲ့ကတော့ အခု စစ်ကောင်စီ ဖမ်းဆီးထားသူတွေဟာ သူတို့အဖွဲ့က ရဲဘော်တွေ မဟုတ်ကြောင်း၊  အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးထားတာဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါတယ်။ 

(ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန)

“တကယ်တော့ ၇နှစ်အောက်ကလေးရဲ့ ကျူးလွန်မှုဟာ ဘယ်လိုမှ ပြစ်မှုမမြောက်ဘူးဆိုတာ ရာဇသတ်ကြီးမှာ အတိအလင်းပါပြီးသား။ ဒီထက်ရှင်းတာမရှိပါဘူး။ အမှုကို ကြည့်ရင်လည်း ဒီကလေးက ဒီအမှုနဲ့ ဆိုင်စရာ အကြောင်းလည်း ဘာမှမရှိပါဘူး။ အဲ့တော့ ဖမ်းတာက တရားမဝင်ပါဘူး။

တရားသူကြီးတွေလည်း လက်မှတ်ထိုးပြီး ရမန်ပေးထားတာမျိုးရှိမှာ မဟုတ်သလို ရဲတွေကလည်း ဒီဟာကို တရားခံစာရင်းထဲ ထည့်ပြီးတော့ ရမန်တောင်းတာမျိုး လုံးဝရှိမှာ မဟုတ်ပါဘူး။ နိုင်ငံတော် သတင်းစာမှာ တမင်တကာကို မဆိုင်တဲ့သူတွေကိုလည်း ဒီလိုလုပ်လို့ရတယ်ဆိုတာကို  ပြည်သူလူထုကို သိက္ခာမရှိ လုပ်ပြတယ်လို့ပဲ ထင်ပါတယ်။ ဒီလိုမျိုးကို ဘယ်နိုင်ငံမှ မလုပ်ဘူး။ ဘယ်လောက်ဆိုးတဲ့ နိုင်ငံဖြစ်ပါစေ ဒီလိုလုပ်ရပ်ကို မလုပ်ပါဘူး။ ကလေးက အုပ်ထိန်းသူမရှိလို့ ထောင်ထဲကို မိဘနဲ့အတူ ခေါ်လာတာမျိုးလား အဲ့လိုဆိုလည်း အမှန်အတိုင်းရှင်းပြသင့်ပါတယ်။ အခုလုပ်ရပ်က အတော်လေးကို သိက္ခာမဲ့ပါတယ်” လို့ CDM မြို့နယ်တရားသူကြီး သဥ္ဇာမြက မောင်းကို ပြောပါတယ်။ 

စစ်ကောင်စီထံကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေရဲ့ အသုံးဝင်ပုံနဲ့ ဆက်စပ်အကြောင်းအရာတွေကို မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 ကလည်း စစ်ကောင်စီဟာ အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦး လုပ်ကြံခံရတဲ့ ကိစ္စမှာတောင် သက်သေ သေချာမတည်ဆောက်နိုင်ဘဲ ၆နှစ် ကလေးငယ်ကို ဖမ်းပြီး ကစားစရာ သေနတ်နဲ့ အမှုတည်ဆောက်ထားတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

စကစ ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

“စကစကနေ ခပ်တည်တည်နဲ့ ဓာတ်ပုံပြထားတဲ့ ပစ္စတိုက အရုပ်သေနတ်ဆိုတာကို ကျည်ကဒ် magazine ကို ကြည့်ပြီး သိနိုင်ပါတယ်။ ကျည်ကဒ်မှာ သတ္တုရောင် cylinder လေးတစ်ခုပါနေတာ တွေ့ရမှာပါ။ ဒါက CO2 cartridge တစ်ခုဖြစ်ပြီး CO2 gas ထည့်ပစ်ရတဲ့ airsoft ကစားစရာသေနတ်တွေမှာ သုံးတာဖြစ်ပါတယ်။ ကျည်ကဒ်ထဲမှာ ကော်စေ့လေးတွေထည့်ရတယ်။ Cylinder ထဲမှာထည့်ထားတဲ့ CO2 gas တွန်းအားနဲ့ ကော်စေ့ကို ပစ်တယ်၊ မောင်းပြန်စေပါတယ်” လို့ ကလေးကစာရာသေနတ်ရဲ့ အလုပ်လုပ်ပုံကိုလည်း Tactical Raptor 2.0 ကနေ ရှင်းပြထားပါသေးတယ်။

ပစ်ခတ်ရှင်းလင်းခံခဲ့ရတဲ့ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ဟာ စစ်တပ်အရာရှိကြီးတွေသာ တက်ရောက်ရတဲ့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (National Defense College-NDC) မှာ Internal Security & Counterterrorism (နိုင်ငံတော်လုံခြုံရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နဲ့ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကို သင်ကြားနေသူဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်မင်းအောင်လှိုင်ပေးအပ်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကိုလည်း ၂၀၂၃ ခုနှစ်မှာ ရရှိခဲ့သူဖြစ်ပြီး စစ်ခေါင်းဆောင် အားကိုးအကြံဉာဏ်ယူရတဲ့ ဗိုလ်ချုပ်ဟောင်းတွေထဲမှာလည်း ပါဝင်တယ်လို့ ဆိုကြပါတယ်။

ဒီအတွက် လက်ရှိမှာ အကြမ်းဖက်စစ်တပ်ကနေ အငြိမ်းစားယူထားပေမယ့် နေ့စဥ်ဖြစ်ပျက်နေတဲ့ လူမဆန်မှုတွေအတွက် စစ်ဘက်ဆိုင်ရာ သင်ကြားပို့ချနေသူတွေကိုလည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ် သုတ်သင်ခဲ့တာဖြစ်တယ်လို့ Golden Valley Warriors တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် ဗိုလ်မှူးချုပ်(ငြိမ်း) ချိုထွန်းအောင်
0 Shares:
You May Also Like
Read More

စစ်အုပ်စုကို KIO က ဆွေးနွေးဖို့ ကမ်းလှမ်းတာ မရှိကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြောကြား၊ စစ်တပ်မှ အွန်လိုင်းမှာ တွေ့ဖို့ ကမ်းလှမ်းမှုကို မြစ်ကြီးနားမှာ တွေ့ဆုံဖို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးနိုင်ကြောင်းသာ အကြောင်းပြန်

စစ်အုပ်စုကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာမရှိသလို စစ်တပ်မှ အွန်လိုင်းက တွေ့ဆုံလိုကြောင်း ကမ်းလှမ်းလာခဲ့တာကိုလည်း မြစ်ကြီးနားမှာ တွေ့ဆုံဖို့ ကိုယ်စားလှယ်အဖွဲ့ လွှတ်ပေးနိုင်ကြောင်းသာ တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) မှ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် က သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

Sky Villa ကွန်ဒို သေဆုံးသူများအတွက် တစ်ဦးကို သိန်း ၁၀၀ ကရုဏာထောက်ပံ့ကြေးပေးမည်ဟု ငလျင်အပြီး ၅လကျော်ကြာမှ ကြေညာ၊ တာဝန်ခံမှု၊ တောင်းပန်မှုမရှိသည့် ကုမ္ပဏီကို နစ်နာသူများ ဒေါသထွက်

ငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားတယ်လို့ ကြေညာရောင်းချခဲ့ပေမယ့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုအတွင်း ပြိုကျကာ လူပေါင်း ရာနဲ့ချီ သေဆုံးစေခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ တာဝန်ရှိသူတွေက ငလျင်ပြီးလို့ ၅လကျော်အကြာမှာ သေဆုံးသူတစ်ယောက်စီကို သိန်း ၁၀၀ စီ ပေးမယ်လို့ ကြေညာပါတယ်။
Read More

မုံရွာမှာ ဗိုလ်ကြီးအဆင့်ရှိသူအပါ စစ်ကောင်စီတပ်သား ၂ ဦးကို တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စက်တွင်းအထိုင်စခန်းကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို စောင့်ကြိုတိုက်ခိုက်ရာ ၂ ယောက်လုံး နေရာမှာတင် သေဆုံးသွားတယ်လို့ ပြည်သူ့လူမိုက်အဖွဲ့  (Local PDF) ထံက သိရပါတယ်။
Read More

မုံရွာမြို့ ရေဦးဆန်ဆိုင်ဂိတ်ကို တော်လှန်ရေးအဖွဲ့များ အလစ်အငိုက်ဝင်ပစ်၊ စစ်ဗိုလ်နှင့် ရဲအရာရှိအပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ရေဦးဆန်ဆိုင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်သား ၄ယောက် သေဆုံးခဲ့ကြောင်း Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့) တာဝန်ခံ ဂူးဂူးက မောင်းကိုပြောပါတယ်။
Read More

ကျောက်တံခါးရှိ သူဌေးကုန်းရွာ စစ်တပ်ကာကင်းစခန်းကို PDF နှင့် KNLA တို့ ဝင်ရောက်တိုက်ခိုက်၊ လက်နက်မချဘဲ ပြန်ခုခံသည့် စစ်သားအလောင်း ၅ လောင်းနှင့် လက်နက်တချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်က သူဌေးကုန်းရွာ စစ်ကောင်စီကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းရာမှာ စစ်ကောင်စီအလောင်း ၅ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် ဇန်နဝါရီလမှ ဧပြီလအတွင်း နိုင်ကျဉ်း ၉ ဦး သေဆုံး

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိတာကြောင့် အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း နိုင်ငံရေးအကျဉ်းသား ၉ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်လာပါတယ်။