ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပပြုလုပ်နေတဲ့ (၁၁၃) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံရဲ့ ဇွန်လ ၅ ရက် စုံညီအစည်းအဝေးမှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း၊ ပုဒ်မ (၃၃) အရ ဒဏ်ခတ်အရေးယူပိတ်ဆို့ဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါဆုံးဖြတ်ချက်ဟာ ဥပဒေမဲ့အာဏာသိမ်းယူထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ၊ တရားလက်လွန်ဖမ်းဆီးသတ်ဖြတ်နေမှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်နေမှုတွေ၊ ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးနေမှုတွေနဲ့ အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေနေမှုတွေကို ဟန့်တားနိုင်လိမ့်မယ်လို့ အခိုင်အမာယုံကြည်ကြောင်း CRPH က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံးအဆုံးသတ်ရေးနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးမှာ ILO ရဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းကရော အဖွဲ့ဝင်နိုင်ငံတွေအကြား ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပါ မြန်ဆန်ပြီး ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်ပေးဖို့လည်း CRPH က တိုက်တွန်းထားပါတယ်။

အခုဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခမျိုးစုံကို ကုစားပေးနိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက စာနာနားလည်မှုနဲ့ လက်တွေ့ကျကျ ကူညီပေးဖို့ ဆန္ဒရှိမှုရဲ့ ခြေလှမ်းအဖြစ်လည်း မှတ်ယူသလို နောက်ဆက်တွဲ ကြိုးပမ်းအားထုတ်မှုတွေလည်း အချိန်တိုအတွင်း ရှိလာမယ်လို့ မျှော်လင့်ကြောင်း CRPH က ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားမဝင် အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ စစ်အုပ်ချုပ်ရေးကို အမြန်ဆုံး အဆုံးသတ်စေပြီး ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်ရေး၊ တရားမျှတမှုဖော်ဆောင်နိုင်ရေးနဲ့ အရပ်သားအုပ်ချုပ်ရေးတစ်ရပ် အမြန်ဆုံး ပေါ်ပေါက်လာရေးအတွက် မှန်ကန်တဲ့ ပံ့ပိုးကူညီမှုတစ်ခုဖြစ်တယ်လို့လည်း CRPH က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်စစ်အုပ်ချုပ်ရေးနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ဖို့အတွက် နိုင်ငံရေးအရရော စီးပွားရေးအရပါ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်ချမှတ်ပေးဖို့ကိုလည်း CRPH က နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုထားပါတယ်။

အလုပ်သမားညီလာခံ ပြုလုပ်နေသည့် ကုလရုံးချုပ်ရှေ့တွင် စစ်ကောင်စီကို Article 33 အရ အရေးယူရေး တောင်းဆိုဆန္ဒပြစဥ်
အလုပ်သမားညီလာခံ ပြုလုပ်နေသည့် ကုလရုံးချုပ်ရှေ့တွင် စစ်ကောင်စီကို Article 33 အရ အရေးယူရေး တောင်းဆိုဆန္ဒပြစဥ်
0 Shares:
You May Also Like
Read More

အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့် စစ်ကောင်စီရဲ့ ကန့်ကွက်မှုကို တီမောပယ်ချ

တီမောလက်စ်တေကို အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ခွင့်အပေါ် စစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ “အကျိုးမရှိ၊ မလျော်ကန်ဘူး” လို့ တီမောသမ္မတက ပယ်ချလိုက်ပါတယ်။ 
Read More

နီပေါဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းမှုအတွင်း လူ ၁၉ ဦး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ၊ အစိုးရဆန့်ကျင် ဆန္ဒပြမှု ပိုမိုကျယ်ပြန့်လာ

နီပေါမှာ လူမှုကွန်ရက်ပိတ်ပင်မှုကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်ပြိုခွဲမှုတွေကြောင့် လူ ၁၉ ယောက် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
Read More

မြန်မာ့ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်စွက်ဖက်နေမှု ရပ်တန့်ပေးရန် ဆိုးလ်မြို့တွင် ဆန္ဒပြ

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေမှုကို အလိုမရှိကြောင်း တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ဖူးခက်မြေပြိုမှုအတွင်း ရုပ်အလောင်း ၁၂ ခုထက်မနည်း ပြန်လည်တွေ့ရှိ၊ အများစုမှာ မြန်မာနိုင်ငံသားများဖြစ်

ရက်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဖူးခက် (Phuket) ခရိုင်အတွင်း ရွာကိုးရွာမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၂၄ ရက်နေ့အထိ ရုပ်အလောင်း ၁၂ ခုထက်မနည်း ရှာဖွေတွေ့ရှိထားတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်မြို့က ဂီတဖျော်ဖြေပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရ…

ထိုင်းနိုင်ငံနယ်စပ်က မြန်မာနဲ့ ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ အုန်းဖျံမြို့မှာ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက ဂီတပွဲတော် လုပ်နေချိန် ဗုံးပေါက်ကွဲပြီး ပွဲလာရောက်ကြည့်ရှုသူ ၃ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ARSA ခေါင်းဆောင်များကို နိုင်ငံတကာ တရားစီရင်မှုနှင့် အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့ တိုက်တွန်း

ARSA ခေါင်းဆောင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်မှုကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တရားစီရင်မှုနဲ့ အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။