ဇွန် ၈ ရက် ဒီနေ့မှာ ကျရောက်တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ အပြန်အလှန် သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ပါတယ်။

တရုတ်နဲ့ မြန်မာနိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပြင် နောက်ထပ်ဆယ်စုနှစ်တွေအထိ အပြန်အလှန်အကျိုးရှိစေမယ့် မိတ်ဖက်ဆက်ဆံရေး ကဏ္ဍသစ် ဖော်ထုတ်ဖို့ အနီးကပ် ပူးပေါင်းသွားမယ်ဆိုပြီး မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ လူမှုဘဝဖွံ့ဖြိုးရေးတွေမှာ မြန်မာနိုင်ငံရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြိုးပမ်းမှုအတွက် တရုတ်က အခိုင်အမာ ထောက်ခံ ပံ့ပိုးပေးတာကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေထဲမှာ ပိုးလမ်းမ စီမံကိန်းအောက်က တရုတ်-မြန်မာ စီးပွားရေး စင်္ကြံမဟာဗျူဟာမြောက် စီမံကိန်းတွေဟာ အားရကျေနပ်စရာကောင်းတယ်လို့လည်း မင်းအောင်လှိုင်က ဆိုပါတယ်။

ရုရှားနိုင်ငံက ရင်ပြင်နီအခမ်းအနားတက်ရောက်ရင်း တွေ့ဆုံချိန်ကလည်း နိုင်ငံတကာနဲ့ ဒေသတွင်းစာမျက်နှာတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအပြင် စွမ်းအင်ဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ဖို့ သဘောတူနိုင်ခဲ့တယ်လို့လည်း မင်းအောင်လှိုင်က ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း အဓိကအရေးပါတဲ့ အကျိုးစီးပွားနဲ့ ဘုံအရေးပါတဲ့ ကိစ္စရပ်တွေမှာ နှစ်ဖက်ကြား အပြန်အလှန် ထောက်ခံရပ်တည်ပေးတာဟာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးဖြစ်တယ်လို့ ဆိုထားပါတယ်။ 

နှစ်နိုင်ငံဆက်ဆံရေးဖွံဖြိုးတိုးတက်မှုဟာ တရုတ်နိုင်ငံအတွက် အရေးကြီးတဲ့ ကဏ္ဍဖြစ်ပြီး ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း တရုတ်သမ္မတက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာ မြန်မာလူမျိုးများ ပြုလုပ်သည့် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေဟာ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုမှာ ပါဝင်လာတယ်လို့ ရန်ကုန်လူထုသပိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“ဝ” ထိန်းချုပ်ဒေသတွင်း ရွှေတူးဖော်မှုများကြောင့် ဒေသတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု အပါအဝင် နယ်စပ်ဖြတ်ကျော်ကိစ္စများ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေးဟု ဆို

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မြန်မာမှာ ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၁၀၀ ကျော်သွားပြီ

မြန်မာပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) ကနေ လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၁၀၁ ယောက်ရှိသွားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

ကမ္ဘောဒီးယား၏ အပစ်ရပ်ချိုးဖောက်မှု အစီရင်ခံစာ မလေးရှား၊ တရုတ်နှင့် အမေရိကန်တို့ကို ထိုင်း တင်ပြ

ဇူလိုင်လ ၂၈ ရက်က မလေးရှားမှာ ပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ အိမ်ရှင်အဖြစ်နဲ့ သက်သေတွေအဖြစ် တက်ရောက်ခဲ့ကြတဲ့ မလေးရှား၊ အမေရိကန်နဲ့ တရုတ်တို့ကို ကမ္ဘောဒီးယားရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချိုးဖောက်ခဲ့တဲ့အကြောင်း အစီရင်ခံစာ တင်သွင်းခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်က ဇူလိုင်လ ၂၉ ရက်မှာ ပြောပါတယ်။
Read More

ကစားသမားဘဝကို နိုင်ပွဲနှင့်အတူ စွန့်ခွာသွားခဲ့တဲ့ ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်

ထိုင်းနိုင်ငံမှာ ဒီနေ့ အောက်တိုဘာ (၄)ရက် မနက်ပိုင်းက ကျင်းပခဲ့တဲ့ ONE Fight Night ပွဲစဉ်မှာ MMA ဖိုက်တာ အောင်လအန်ဆန်ဟာ ပြိုင်ဘက်ဖြစ်သူ ဆွီဒင်နိုင်ငံသား ဖိုက်တာ ကာဒက်စတမ်ကို အလဲထိုးကာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Read More

ချင်းမိုင်တက္ကသိုလ်ကျောင်းသား ၁၀ ဦး ဘတ်သန်းချီပြီး အွန်လိုင်းငွေလိမ်ခံရ

ချင်းမိုင်တက္ကသိုလ် (CMU) က ကျောင်းသား ၁၀ ယောက် တစ်ရက်တည်းမှာပဲ အွန်လိုင်းငွေလိမ်ခံရပြီး ဘတ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ကြရကြောင်း CMU နဲ့ နယ်မြေခံရဲတပ်ဖွဲ့က သတိပေးခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။