မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မြို့အနောက်ဘက် မန်ကျည်းခင်ရွာဆီ အချိန်မတော် ဝင်ရောက်စီးနင်းရင်းကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ယောက်ထက်မနည်းကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဗျူဟာမှူး လှမျိုးထွဋ် ဦးဆောင်တဲ့ အထက်ပါ ပူးပေါင်းစစ်ကြောင်းဟာ မြစ်သာမြစ်အနောက်ဖက်ခြမ်းက မန်ကျည်းခင်ရွာကို ဇွန်လ ၈ ရက် ဒီနေ့ မနက် ၂ နာရီအချိန်လောက်မှာ ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

အရပ်သားတွေကို ဖမ်းဆီးထားတဲ့ အထက်ပါစစ်ကြောင်းဟာ လက်ရှိအချိန်အထိ ဂန့်ဂေါမြို့ခလရ ၅၀ တပ်ဆီ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း၊ ဂန့်ဂေါတစ်နယ်လုံး ဖုန်းလိုင်းတွေပြတ်တောက်နေကြောင်း ကိုမင်းဒဿက ပြောပါတယ်။

“စစ်ကြောင်းကို ခလရ ၅၀ က ဗျူဟာမှူး လှမျိုးထွဋ်ဦးစီးတာ။ အဲ့လူက ရခိုင် နမခ ၅ ကနေ မကွေး၊ မကွေးကနေမှ ဂန့်ဂေါရောက်လာတာ။ ဖုန်းလိုင်းတွေပြတ်​နေတော့ အခုထိစစ်​ကြောင်း ရောက်တဲ့နေရာကိုအတည်မပြုနိုင်သေးဘူး။ ဒါကြောင့် ဖမ်းခံထားရတဲ့သူတွေပြန်လွတ်မလွတ်မသိရသေးပါဘူး။ စစ်ကြောင်းနဲ့ပဲအတူရှိနေဦးမယ်ထင်တယ်” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

အရပ်သားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်ထောက်ခံတဲ့ မီဒီယာတချို့မှာ တော်လှန်ရေးကျေးရွာတစ်ရွာကို ဝင်ရောက်စီးနင်းရင်း လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိကြောင်း ဖော်ပြရေးသားတာမျိုးတွေ ရှိနေပါတယ်။

ဒီဖြစ်စဥ်အပေါ် စစ်ကြောင်းကိုဦးစီးတဲ့ ဗျူဟာမှူး လှမျိုးထွဋ်ကတော့ ကျေးရွာပကဖ တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ဖမ်းဆီး သတ်ဖြတ်ဖို့ဖြစ်ကြောင်းနဲ့ တပ်ဖွဲ့ဝင်တွေ မဖမ်းမိတာကြောင့် အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ နောက်ထပ်လည်း ထပ်မံလုပ်ဆောင်သွားမှာဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးတင်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

မိုင်းငေါ့တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ (၁) ဦး သေဆုံး၊ (၃) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါမြို့နယ်၊ မန်ပင့်တံတားမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမှာ အကြမ်းဖက်စစ်တပ်က ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး ၂ ယောက်နဲ့ ပကဖ ရဲဘော် ၂ ယောက်ကို စစ်ကြောင်းဝင်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက စစ်​ကြောင်းဝင်ရင်း ကိုယ်ဝန်ဆောင်သည်အပါဝင် အမျိုးသမီး၂ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့ဝင် ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ Cobra One အဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က မောင်းသ​တင်းဌာနကို ပြောပါတယ်။
Read More

ဝမ်းတွင်းက စစ်မှုထမ်း အလိုရှိစာရင်းထဲ သံဃာတော်တွေ ပါဝင်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာက စစ်မှုထမ်းစာရင်းထဲမှာ သံဃာတော် ၂ပါး ပါဝင်နေတယ်လို့ Voice of Wundwin ထံက သိရပါတယ်။ 
Read More

စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သား (၁) ယောက် လက်နက်နှင့်တကွ KNDF ထံ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အဓမ္မ စုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သား တစ်ယောက်ဟာ ဇန်နဝါရီလ (၂၀) ရက်မှာ လက်နက်နဲ့ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၃၄) က ထုတ်ပြန်ထားပါတယ်။
Read More

မန်လီကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် (၁) လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။ 
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြရန် ကယန်းအမျိုးသားတပ်မတော် တိုက်တွန်း

ပြည်သူလူထုရဲ့ဆန္ဒ မပါဝင်ဘဲ အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပဖို့ရှိနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကယန်းအမျိုးသားတပ်မတော် (K.N.A) က ထုတ်ပြန်လိုက်ပါတယ်။