မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ပြောက်ကျားတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး MA1 သေနတ် ၁ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက မောင်းကို ပြောပါတယ်။

ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက အရှိုချင်းကာကွယ်ရေးတပ်(ACDF) ရဲ့ ဒေသ ၁ အတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ပြောက်ကျားပစ်ခတ်ခဲ့ပါတယ်။

၁၅ မိနစ်ကြာမြင့်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲအပြီး စစ်ကောင်စီဘက်က ၁ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း သိရပါတယ်။

“ပြောက်ကျားပုံစံဖြစ်တယ် ပြောရမယ်။ ၂ရက်နေ့ ညနေ ၆နာရီလောက်မှာဖြစ်တာ။ ကျနော်တို့ နေရာယူထားတဲ့ နေရာ​တွေရှိတယ်။ အဲ့နယ်မြေနား စစ်ကြောင်း တက်လာတာသိလို့ ထိတွေ့မှုဖြစ်ကြတာပါ” လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက မောင်းကို ပြောပါတယ်။

အဲ့ဒီလိုထိတွေ့မှုအပြီး တိုက်ပွဲဖြစ်ပွားရာကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာတော့ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခုနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။

အရှိုချင်းကာကွယ်ရေးတပ်(ACDF) တပ်ဖွဲ့ဝင်များ သိမ်းဆည်းရရှိသည့် သေနတ်နှင့် ကျည်ဆံများ
0 Shares:
You May Also Like
Read More

ကျောက်နီမော် ကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ကျော်သေ၊ တော်လှန်ရေးရဲဘော် ၂ယောက်လည်း ကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကျောက်နီမော် ကျေးရွာက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များကို နေပြည်တော် ပကဖ တိုင်းတာဝန်ခံနှင့်အဖွဲ့ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း-တာဝန်ခံ ရဲဘော်နောင်ချိုနဲ့အဖွဲ့ဟာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ နေပြည်တော် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန် ဗျူဟာကုန်း ကာကင်းစခန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပန အမိန့်ပြန်တမ်း CDF-Asho ထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးနှင့် သပိတ်ကျင်းရှိ စစ်ရှောင်စခန်း (၅)ခုကို PDF TRI ဗျူဟာ ရိက္ခာထောက်ပံ့၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပံ့ပိုးမှုများ ပေးခဲ့

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ယာယီစစ်ဘေးရှောင် စခန်း (၅)ခုကို ရိက္ခာ ထောက်ပံ့ခဲ့ပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပံ့ပိုးမှုတွေ ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး အများအပြား ဒဏ်ရာရ….

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊‌‌ ချေမှုန်းရေးတပ်ခွဲ(၇) - LPF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အရပ်သားနေအိမ်များနှင့် ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ၊ ၅ ဦး သေပြီး ၃ ဦး ထိခိုက်ဒဏ်ရာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အရပ်သားနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။