ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူးဖြစ်သူ အောင်မိုးခိုင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ဇွန်လ ၁ ရက် ညနေ ၆နာရီဝန်းကျင်အချိန်မှာ တိမ်မြုပ်ရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ (၆) ကနေ ထွက်ခွာလာတဲ့ ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူး အောင်မိုးခိုင်ဟာ ချောင်းခွ (ကေ)ရွာ နဲ့ သရက်နှစ်ဖျားလိန်ရွာကြားက လမ်းမပေါ်မှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုတပ်ဖွဲ့ ရဲဘော်တွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်လိုက်တာကို တော်လှန်ရေးရဲဘော်တွေက အချိန်မှီရှောင်တိမ်းနိုင်ခဲ့ပြီးနောက် ရာအိမ်မှူး အောင်မိုးခိုင်ကို သေနတ်နဲ့ ၃ချက် ပစ်ခတ်ခဲ့ရာ နေရာမှာပဲ သေဆုံးသွားပြီး သူ့ဆီက လက်ပစ်ဗုံး ၁လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


ရာအိမ်မှူး အောင်မိုးခိုင်ဟာ စစ်မှုထမ်းဟောင်း စစ်တပ်ထောက်တိုင် အမာခံတစ်ယောက်ဖြစ်ပြီး ခမရ (၆)ထဲမှာ နေထိုင်ကာ တော်​လှန်​ရေးတပ်ဖွဲ့တွေရဲ့ အချက်အလက်တွေကို စုံစမ်းထောက်လှမ်းတာတွေ၊ ပြည်သူတွေထံက ငွေကြေးကောက်ခံတာတွေ၊ စစ်တပ်နဲ့အတူ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ၊ စစ်တပ်က စစ်ကြောင်းထိုးရာမှာလည်း လမ်းပြတာတွေကို လုပ်ဆောင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုအနေနဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်တွေအပြင် စစ်ကောင်စီထောက်တိုင်တွေကိုပါ တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုတွေအနီး သွားလာနေထိုင်ခြင်းမပြုဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲပြည်သူ့ဆေးရုံကို စစ်ကောင်စီ  တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု ပေါ်ပေါ်ထင်ထင် ကျူးလွန်လိုက်တာဟု TNLA ထုတ်ပြန်

စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်တာဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

ရန်ကုန်မှာ တိုက်ပွဲဝင်အလံနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပြောက်ကျားလူထုသပိတ် ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ရန်ကုန်မှာ တိုက်ပွဲဝင်အလံတွေနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန္ဒပြတဲ့ ပြောက်ကျားလူထုသပိတ်ကို ဒီနေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရမည်ဟု အကြမ်းဖက်မင်းအောင်လှိုင် ပြောဆိုပြန်

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က RADISSON COLLECTION ဟိုတယ်မှာ ပြုလုပ်တဲ့ “လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ" သိပ္ပံပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာအနေနဲ့ နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
Read More

NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း ကွယ်လွန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) ဟာ သူ့ရဲ့ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ရင်း စက်တင်ဘာ ၂၅ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းမကြီးဘေး တိုက်နယ်ဆေးရုံအတွင်းရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်က စစ်ကောင်စီတပ်တွေတပ်စွဲထားရာ ကျောက်တိုင်ကျေးရွာ၊ တိုက်နယ်ဆေးရုံဝန်းအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က အရာရှိအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

နွားထိုးကြီး PDF က မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်များကို ထုတ်ပြန်

မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ နွားထိုးကြီး PDF က တပ်ဖွဲ့ဝင်များ မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို အသိပေးထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။