ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဒီနေ့ ဇွန်လ ၂ ရက်မှာ ဧရာဝတီမြစ်ရေတက်မှုကြောင့် မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်အားလုံး ရေနစ်မြုပ်သွားပြီး ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရကာ အရေး ပေါ်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
အလယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ မြို့သစ်တည်၊ ဂျာမိုင်းဂေါင်း အပါအဝင် ရပ်ကွက်ပေါင်း ၇ ခုခန့် ရေဘေးသင့်ခဲ့ပြီး လူနေအိမ်အချို့ ရေစီးနဲ့အတူ မျောပါသွားခဲ့တယ်လို့လည်း သိရပါတယ်။