ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်ကို ဝင်ရောက်မယ့် သုံးဘီးယာဉ် ၁ စီးအတွင်းကနေ လက်လုပ်ပစ္စတို ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မေလ ၃၁ ရက် ညနေပိုင်းက ထိုင်း-မြန်မာနယ်စပ်တံတားကနေ ဝင်ရောက်မယ့် သုံးဘီးယာဉ် ၁ စီးကို ထိုင်းအကောက်ခွန်ဂိတ်က စစ်ဆေးခဲ့ရာ ကောက်ရိုးထုံးအတွင်း ဝှက်ပြီးသယ်ဆောင်လာတဲ့ လက်လုပ်ပစ္စတို ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ကောက်ရိုးထုံးကို ဘတ် ၄၀၀ နဲ့ ပို့ဆောင်ဖို့ ငှားရမ်းခဲ့တာလို့ သိရပြီး သယ်ဆောင်လာပေးတဲ့ ယာဉ်ပေါ်ပါသူ အသက် (၃၄)နှစ်နဲ့ အသက် (၃၅)နှစ်အရွယ် မြန်မာအမျိုးသား ၂ ယောက်ကို ထိုင်းအာဏာပိုင် တွေက ဖမ်းဆီးလိုက်ပြီး ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။
Video- Maesaipress