မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က ခရိုင်မီးသတ်ရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့  Shwe Nyar Myae People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။ 

မနေ့က ဇွန်လ ၁ ရက် မနက်အစောပိုင်း ၃ နာရီ ဝန်းကျင်အချိန်မှာ အဆိုပါ တိုက်ခိုက်မှုကို‌ ဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲအချိန် နာရီဝက်ကျော်ကြာမြင့်ခဲ့ကာ စစ်ကောင်စီဘက်က ၅ယောက် သေဆုံး၊ ၅ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 

“အဲ့မှာ ရဲတွေရော၊ ပျူတွေရော အားလုံး ၁၅ ဦး ဝန်းကျင် ရှိပါတယ်။ အခုသေဆုံးမှုကလည်း အတွင်းသတင်းအရ ပြန်သိရတာပါ။ လက်ရှိတော့ အဲဒီ မီးသတ်ရုံးမှာ ရဲတွေရော ပျူတွေရော ရှိနေတုန်းပါပဲ” လို့ Shwe Nyar Myae People Defense Force တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။ 

ပစ်ခတ်မှု ပြီးတဲ့နောက် ပခုက္ကူမြို့ပေါ်က တပ်မ (၁၀၁) နဲ့ လက်အောက်ခံတပ်စခန်းတွေကနေ စစ်ကူရောက်လာတာကြောင့်‌ တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကိုတော့ Shwe Nyar Myae PDF နဲ့အတူ ပခုက္ကူ ပ.က.ဖ တပ်ရင်း(၁)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပ.က.ဖ တပ်ရင်း (၃)၊ တပ်ခွဲ (၄) တို့ ပူးပေါင်းဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်  လမ်းကင်းထွက်လာသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါ ၂၀ ဦးထက်မနည်း သေဆုံးပြီး RPG အပါ သေနတ် ၅ လက် သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် လမ်းကင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်မှူးအဆင့် ၁ ယောက်အပါအဝင် အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

အင်းလေး‌ဒေသမှာ ငလျင် ဘေးဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်က အင်းလေးတောင်ခြမ်းရှိ ကျေးရွာများကို ဒရုန်း၊လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသမှာ ငလျင် ဘေးသင့်ဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က အင်းလေးတောင်ခြမ်းရှိ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးလူ့အခွင့်အရေးက ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့မှ TNLA ဆုတ်ခွာပေးရသည့်တိုင် တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ အကြမ်းဖက်စစ်တပ်ကို ဆက်လက်တိုက်ပွဲဝင်မည်ဟု မိုးကုတ်ဗျူဟာ အသိပေး

တရုတ်ရဲ့ ကြားဝင်မှုနဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA က အကြမ်းဖက်စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲကာ မိုးကုတ်မြို့က TNLA တပ်ဖွဲ့ဝင်တွေကို ပြန်လည်ဆုတ်ခွာပေးဖို့ သဘောတူလိုက်ရပေမယ့် မိုးကုတ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ ဆက်လက်‌တော်လှန်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
Read More

မြင်းခြံတွင် စစ်ကောင်စီတပ်ကို MBT မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သားများနှင့် ပြည်သူများ ရောထွေးနေမှုကြောင့် မစ်ရှင် ၂ ခု ဖျက်သိမ်းခဲ့ရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်မှာ စစ်ရေးမစ်ရှင် ၃ခု ဖော်ဆောင်ဖို့ကြိုးစားခဲ့ပေမယ့် အရပ်သားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ရောထွေးစကားပြောဆိုမှုတွေ ရှိနေတာကြောင့် မိုင်းဆွဲမစ်ရှင်တစ်ခုသာ သေချာလုပ်ဆောင်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ကျုံဒိုးမြို့ပေါ်မှ စစ်အုပ်စု ဖမ်းခေါ်သွားသည့် အမျိုးသားတစ်ဦး သေဆုံးပြီဟု သတင်းထွက်ပေါ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်က အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်က  မတ်လ ၂၈ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါ အမျိုးသား သေဆုံးသွားကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။