မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ​ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က တစ်ဖက်သတ် အပစ်ရပ်ကာလကို ၁ လ ထပ်မံသက်တမ်းတိုးကြောင်း ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲ လုပ်ငန်းတွေဖြစ်တဲ့ တိုက်တာအဆောက်အဦး ရှင်းလင်းရေးနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့အတွက် တစ်ဖက်သတ် အပစ်ရပ်ကာလကို ဇွန်လ ၂ ရက် ဒီနေ့ကနေ ဇွန်လ ၃၀ ရက်အထိ ထပ်မံသက်တမ်းတိုးကြောင်း ဖော်ပြထားပါတယ်။

အင်အားပြင်း စစ်ကိုင်းငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးတွေ ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းစဥ်တွေဟာ ၂ လကြာတဲ့အထိ မပြီးစီးတဲ့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် အဆောက်အဦးတွေ ထပ်မံပြိုကျပျက်စီးတာတွေ ကြားသိရတဲ့အတွက် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ တစ်ဖက်သတ် အပစ်ရပ်ကာလကို သက်တမ်းတိုးလိုက်တာ ဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့က ဆိုပါတယ်။

အခုထုတ်ပြန်ကြေညာချိန်ကစလို့ ညီနောင် ၃ ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ မိမိကိုယ်မိမိ ခုခံကာကွယ်တဲ့ တုံ့ပြန်မှုမျိုးကလွဲလို့ စတင်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းတောင်မှာ စစ်ကောင်စီကြောင့် တစ်နှစ်အတွင်း အရပ်သားပြည်သူ ၁၂၀ ကျော် သေဆုံးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၁၂၀ကျော် သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တရုတ်က ခေါ်ယူတွေ့ဆုံ

တရုတ်ဗဟိုအစိုးရက  ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံကခေါ်ယူလို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားငယ် ကိုထိန်လင်း ဆုလက်ခံ ရယူ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲအခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ကိုထိန်လင်း(ခ) ကင်အဲရစ်က ကိုယ်စား လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်မြို့နယ်တွင် လယ်ရိတ်ဖို့သွားသည့် အမျိုးသား ၃ ဦး စစ်အုပ်စုထောင်ထားသည့်မိုင်း ထိမှန်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ လယ်ရိတ်ဖို့သွားတဲ့ အမျိုးသား ၃ ယောက်ဟာ အကြမ်း ဖက်စစ်ကော်မရှင် ထောင်ထားတဲ့ မိုင်းထိမှန်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့နယ်ထံက သိရပါတယ်။
Read More

ကင်းစောင့် ပျူစောထီးကို စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းရာ မျှော်စင်ပေါ်မှ ပြုတ်ကျသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာ ပျူစောထီးစခန်းက ကင်းစောင့် ၁ ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ MPLမြောက်ပိုင်းဇုန်  (မြိုင်-ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ်က လင်းကတောနယ်မြေရဲစခန်းကို ဒရုန်းနဲ့ မီးလောင်ဗုံးအပါအဝင် ဗုံးသီးတွေ ကြဲချတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကို ဒရုန်းနဲ့ မီးလောင်ဗုံးအပါအဝင် ဗုံးသီးတွေ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Eagle Brigade (Anyar Eagles) တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။