မန္တလေးတိုင်းမှာရှိတဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေကို စစ်အုပ်စုဟာ တစ်ရက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ ဆီက သိရပါတယ်။

ဇွန်လ ၁ ရက် မနက် ၇ နာရီ ၄၀ လောက်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ သပိတ်ကျင်းမြို့နယ်က ၄ မိုင်ကန်သာစာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးသီး ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းဆောင် ၂ ဆောင်ထိမှန်ပျက်စီးသွားပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“စာသင်ကျောင်းကို ဒီအတိုင်းကြဲသွားတာ စကစ ကစာသင်ကျောင်းတွေကို အဓိကကြဲနေတာဆိုတော့ စဉ့်ကူး၊ သပိတ်ကျင်းမှာ ကြဲစရာနေရာတွေ အများကြီးရှိတယ်၊ သူတို့က စာသင်ကျောင်းကို အဓိကကြဲတာ၊ အဓိက ပြည်သူတွေရှိတဲ့ နေရာကိုကြဲတာ၊ ဒါပေမယ့် စာသင်ကျောင်းမှာ ပြည်သူတွေမရှိဘူး” လို့ ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။

အလားတူ နေ့လယ် ၂ နာရီကျော်လောက်မှာလည်း တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာဟာ စဉ့်ကူးမြို့နယ်ထဲက နွယ်ရုံကျေးရွာကိုလေကြောင်းတိုက်ခိုက်လို့ အဆောက်အဦး ၂ ခု ထိမှန်ပျက်စီးခဲ့ပါတယ်။

နွယ်ရုံကျေးရွာကို လေကြောင်းတိုက်ခိုက်အပြီး တစ်ချိန်တည်းမှာပဲ အဆိုပါဂျက်ဖိုက်တာဟာ နတ်တောင်ကျေးရွာရှိ Lucky 7 ဟိုတယ်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ အမျိုးသမီး ၃ ယောက် ထိမှန်ဒဏ်ရာရရှိသွားပြီး တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်တာမျိုးမရှိဘဲ လေယာဉ်လာတဲ့အချိန် ပုန်းခိုကျင်းတွေထဲမှာ တိမ်းရှောင်ကြပြီး လေယာဉ်ပြန်ထွက်သွားတဲ့အခါ နေအိမ်တွေမှာ ပြန်လည်နေထိုင်ကြတယ်လို့ ဆိုပါတယ်။

“ဒီနေ့စပြီး တိုက်ခိုက်တာ အရင်လိုတစ်နေကုန် မပျံသန်းတော့ဘူး။ ဒီကောင်တွေက လေယာဉ်ဆီပျက်လို့ကျနော်တို့ကြားတယ်။ အဲဒါကြောင့် ဒီရက်ပိုင်း မပျံတာ ဒေသခံတွေ ရှောင်တိမ်းရတာတော့မရှိဘူး။ လေယာဉ်လာလို့ရှိရင် ကျနော်တို့ လေကြောင်းသတိပေးချက်တွေ ထုတ်ပြန်လိုက်ရင် အကုန်လုံး ပုန်းခိုကျင်းထဲကိုဝင်ပြီး ပုန်းကြတယ်”လို့ အထက်ပါ သတင်းတာဝန်ခံက ဆက်ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်နဲ့ ဝေးတဲ့နေရာမှာ နေကြဖို့၊ လေကြောင်းရန်ကာကွယ်နိုင်အောင် ဗုံးခိုကျင်းတွေတူးထားကြဖို့လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က အသိပေးထုတ်ပြန်ထားပါသေးတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ် (၉) မိုင်ကျေးရွာနဲ့ လမ်းလယ်ကျစ်ကျေးရွာကြားက စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ နဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ၂ ယောက်သေဆုံးပြီး ၉ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သပိတ်ကျင်းမြို့နယ် စာသင်ကျောင်းနှင့် စဉ့်ကူးမြို့နယ် Lucky 7 ဟိုတယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့ပုံ (ဓာတ်ပုံ ပြင်ဦးလွင်ခရိုင် ပကဖ)

0 Shares:
You May Also Like
Read More

ပြိုကျပျက်စီးသွားတဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်းမှ မြေးအဖွား ၃ ဦး အသက်ရှင်

ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒို ပြိုကျခဲ့မှုအတွင်း မြေးအဖွား ၃ ဦးကို အသက်ရှင်လျက်ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ချင်းတွင်းမြစ် ရေဘေးသင့် ပြည်သူများကို မင်းကင်းမြို့နယ် ပကဖ စားနပ်ရိက္ခာ ကူညီထောက်ပံ့

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေတဲ့ ကျေးလက်နေ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းကင်းမြို့နယ် ပကဖ အဖွဲ့က စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်ကြောင်း၂ခု ရှေ့ဆက်နိုင်ရန် စစ်ကောင်စီ လေကြောင်းပစ်ကူသုံး လမ်းရှင်းနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ပခုက္ကူမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေက ​ကမ္မမြို့နဲ့ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေပြီး လေကြောင်းပစ်အကူအညီတွေနဲ့အတူ ရှေ့ဆက်တက်ဖို့ကြိုးစားနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ မွေးနေ့ အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြုလုပ်…

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ ပါတီမွေးနေ့ အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ စစ်ဒေသတစ်ခုမှာ ဩဂုတ်လ ၁၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီ ဖမ်းဆီးထားသူ ၉ ဦး ၁၀ ရက်ဝန်းကျင် ကြာသည်အထိ ပြန်မလွတ်သေး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံ ၉ ယောက်ကို ဖမ်းဆီးထားပြီး ၁၀ ရက်ဝန်းကျင်ကြာတဲ့တိုင်အောင် ပြန်မလွှတ်ပေးသေးဘူးလို့ မင်းလှ ပကဖ ထံက သိရပါတယ်။
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။