စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငယှန်ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ရွာသားများ လက်ရှိရှောင်တိမ်းနေထိုင်နေရတဲ့ ရွာပြင်က စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက် မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ဟာ ငယှန်ရွာထဲကနေ လက်နက်ကြီး ၊ လက်နက်ငယ်တွေတွေနဲ့ ပစ်ခတ်ကာထွက်လာပြီး ၁ မိုင်လောက်ဝေးတဲ့နေရာ စစ်ရှောင်ပြည်သူတွေ နေထိုင်တဲ့ တဲ ၆ လုံး နဲ့ ကြက်ခြံတစ်ခြံကို မီးရှို့ဖျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။

“သူတို့လာတဲ့အချိန် သေနတ်ကတော့ အသကုန်တက်ဆွဲတာပဲ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တာ။ သမီးတို့မှာ မသေရုံတမယ်ပဲ ပြေးလိုက်ရတာ။ စစ်ရှောင်တဲ ၆ လုံး၊ ကြက်ခြံတဲက တစ်လုံး၊ ကြက်တွေရော၊ ဆိတ်တွေရောသေတာ၊ ငယှန်ရွာထဲက အိမ်က မီးလောင်သွားတော့ တောထဲထွက်နေရတာ”လို့ နေအိမ်မီးထဲပါသွားတဲ့ ဒေသခံအမျိုးသမီးတစ်ယောက်က မောင်းကို ပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်သားတွေက နေအိမ်တဲများကို မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် အဆိုပါ ဒေသခံတွေဟာ တခြားကျေးရွာတွေဘက်ကို ထပ်မံထွက်ပြေးတိမ်းရှောင်နေရသလို မိုးတွင်းကာလဖြစ်တာကြောင့် တဲအသစ် ပြန်ဆောက်ဖို့ အခက်အခဲတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

အဆိုပါစစ်ကောင်စီတပ်သားတွေဟာ ငယှန်ရွာမှာ အထိုင်ချထားတာ ၁ လကျော်လောက်ရှိပြီ ဖြစ်သလို ရွာထဲကို ပြန်ဝင်တဲ့ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာမျိုးတွေ လုပ်ဆောင်တယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

“သူတို့အမိန့်က ရွာထဲဝင်လာတာနဲ့ အကုန်သတ်ပစ်၊ မနည်းဘူး … လူတွေကိုလည်း သတ်တာ၊ ရွာထဲဝင်လာတာနဲ့ သူတို့အကုန်သတ်ပစ်တာ” လို့ဆိုပါတယ်။

မေလ ၂၉ ရက်နေ့ကလည်း ငယှန်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ မှန်ချိုကျေးရွာနဲ့ သန်မင်းကန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ယောက်သေဆုံးကာ ဘုန်းကြီးတစ်ပါးနဲ့ ဒေသခံတစ်ယောက် ထိမှန်ဒဏ်ရာရရှိသွားပါသေးတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တောင်ပိုင်းရှိ ပျူစောထီးရွာတွေကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်။ သုံ့ပန်း ၃ ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာရှိ စစ်ကော်မရှင်လက်အောက်ခံ ပျူရွာတွေကို ဝင်ရောက်တိုက်ခိုက်ပြီး သုံ့ပန်း ၃ ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ 8+ အညာမြေစစ်ဆင်ရေး အဖွဲ့က ဒီကနေ့သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှာ တော်လှန်ရေးတပ်များက ပေါက်မြို့နယ်တောင်ပိုင်းရှိ ပျူစောထီးတွေ ကြီးစိုးထားတဲ့ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
Read More

ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်သားများကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၉ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၉ ယောက် သေဆုံးခဲ့တယ်လို့ Black Vote Fighter Local PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်းကျင်းပပြီးစီး (ရုပ်/သံ)

အင်းလေးဒေသကို အခြေခံဖွဲ့စည်းထားတဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင်ကို ခုခံကာကွယ်ရင်း တစ်ဖက်မှာလည်း တပ်တည်ဆောက်ရေး မူ (၅) ချက်ကိုင်စွဲကာ တပ်ရင်းကို စနစ်တကျပြန်လည်တည်ဆောက်ခဲ့ပြီး ''တိုက်ရင်း လေ့ကျင့်၊ လေ့ ကျင့်ရင်းတိုက်''ဆိုတဲ့ မူကိုစွဲကိုင်ကာ နောက်တန်းပြန်ရောက်လာတဲ့ တပ်ခွဲများအား မွမ်းမံသင်တန်း ဖွင့်လှစ်လေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်း သေဆုံးကာ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးကာ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမှ ရန်ကုန် ပျံသန်းမည့် MNA လေယာဉ် ၁ စီး ပြေးလမ်းမှာ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးကနေ ရန်ကုန်ကို ပျံသန်းမယ့် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines _ MNA)ခရီးသည်တင်လေယာဉ် ၁ စီး ဟာ မေလ ၆ ရက် မနေ့ညပိုင်းက လေယာဉ်ပြေးလမ်းမှာ ဘီးပေါက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်က လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

နေပြည်တော် PDF နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ စစ်တပ် ပြန်လည်ဆုတ်ခွာ (ရုပ်/သံ)

နေပြည်တော် PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲအတွင်း ၆၀ မမ လက်နက်ကြီး ပစ်ကူပေးနေတဲ့ ရုပ်သံဖိုင်ကို တပ်ရင်း 805 - Nay Pyi Taw PDF က ထုတ်ပြန်လိုက်ပါတယ်။