မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မေလ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
မတ္တရာမြို့နယ်အတွင်း သိမ်းဆည်းရမိတဲ့ WY ဆေးပြား ၄၈၅၀ ပြားကို မတ္တရာမြို့နယ် ပအဖ၊ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် -မန္တလေးတို့ ပူးပေါင်းပြီး မနေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါမူးယစ်ဆေးဝါးတွေဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်ကနေ ၂၀၂၅ ခုနှစ် ဒီနေ့အချိန်အထိ ဖမ်းဆီးရမိထားတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မတ္တရာမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့နဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့က မြို့နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးဖမ်းဆီးရေးနဲ့ အရေးယူဆောင်ရွက်ရေးတို့ကို အဓိကထား ကိုင်တွယ်နေတယ်လို့လည်း ထုတ်ပြန် ထားပါတယ်။