စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က တပ်မ ၃၃ (ခြေမြန်ဌာနချုပ်) ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပ်သုံးမော်တော်ယာဥ်တွေနဲ့ ဗဟိုကင်းမီးလောင်ပျက်စီးပြီး သေဆုံးသူ ၈ ယောက်အထိိ ရှိခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် လိုင်းခန်း၁ခန်းလည်း ထိမှန်ပျက်စီးပြီး စစ်သားနဲ့ ရဲမေတွေပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Brave Warriors For Myanmar-B.W.M တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၃၁ ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ Brave Warriors For Myanmar – B.W.M နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေက အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဌာနချုပ်ဝန်းအတွင်း ထိခိုက်သေဆုံးမှုတွေကို ၁ ရက်အကြာမှာ အခုလိုထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းအခြေစိုက် အမှတ် ၃၃ ခြေမြန်ဌာနချုပ်ကို စစ်ကောင်စီ ထပ်သီးခေါင်းဆောင် ၁ယောက် ရောက်ဖို့ရှိကြောင်း သတင်းအရ အခုလို တိုက်ခိုက်ခဲ့တာလို့လည်း Brave Warriors For Myanmar – B.W.M တာဝန်ရှိသူက ပြောပါတယ်။

BWM နှင့် မဟာမိတ်များ စစ်ကိုင်းတပ်မ ၃၃ ဌာနချုပ်သို့ ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်နေစဉ်

ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဌာနချုပ် ဗဟိုကင်း မီးလောင်သွားသလို တပ်သုံး ကား ၂ စီးနဲ့ လိုင်ခန်းတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ တပ်သား ၆ ယောက်နဲ့ တပ်တွင်းအချုပ်သား ၂ ယောက်လည်း ရှော့တိုက်ဒုံးထိမှန်သေဆုံးခဲ့ပြီး မော်တော်ယာဥ်မှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ပါ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ လိုင်းခန်းပြိုကျရာမှာ နောက်ထပ် ရဲမေ ၃ ယောက်လည်း ထိခိုက်ခဲ့ကြောင်း သိရပါတယ်။

အထက်ပါ ထိခိုက်သေဆုံးမှုစာရင်းတွေဟာ လက်လှမ်းမှီသလောက် တင်ပြထားတာဖြစ်ကြောင်းနဲ့ စစ်ကောင်စီ ထိပ်သီးခေါင်းဆောင် လာရောက်ခြင်းရှိမရှိ​ကိုတော့ စုံစမ်းလို့မရသေးကြောင်း Brave Warriors for Myanmar – B.W.M က ထုတ်ပြန်ပါတယ်။

“အခုလိုမျိုး ကျနော်တို့တိုက်ခိုက်မှုက စစ်ကောင်စီအတွက်အထိနာတယ်။ အပျက်အစီးများတယ်ဆိုတော့ ဝမ်းသာတယ်။ နောက်ထပ်လည်း စစ်ကောင်စီအမြစ်ပြတ်ရေးအတွက် ဆက်လုပ်သွားမယ်။ ပြည်သူတွေဝန်းရံပေးပါ” လို့ ရှော့တိုက်ဒုံးပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ No More Dictatorship (NMD) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က သူတို့ရဲ့ BWM Mission 40 အဖြစ် ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး Shadow (စစ်ကိုင်း) အဖွဲ့၊ No More Dictatorship (NMD) နဲ့ စစ်ကိုင်းမြို့ပြ ပြောက်ကျား (Infinity) တို့က ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

တပ်မ ၃၃
0 Shares:
You May Also Like
Read More

ကလေးငယ် ၂ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါ အရပ်သား ၆ ဦး သေဆုံးခဲ့သည့် တောင်သာမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲမှု NUG ထုတ်ပြန်…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် နတ်စောင့်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ယောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မာနယ်ပလောကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings တရားဝင်ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်းရှိရာ မာနယ်ပလောစခန်းကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ပဋိပက္ခအတွင်း လိင်အခြေပြုအကြမ်းဖက်မှုများ ပပျောက်နိုင်ရေးနှင့် ပတ်သက်သည့် သင်တန်းများ ပြန်လည်စတင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဒေသခံပြည်သူတွေအတွက် ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု-(Conflict Related Sexual Violence)၊ လိင်အခြေပြုအကြမ်းဖက်မှု-(Gender Based Violence) အစရှိတဲ့ အကြောင်းအရာတွေပါဝင်တဲ့ WCP အသိပညာပေး ဆွေးနွေးမှုသင်တန်းကို အခုစက်တင်ဘာလထဲမှာ ဒုတိယအကြိမ်အနေနဲ့ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကော်မရှင်တပ် ဒုတပ်ကြပ် လက်နက်နှင့်တကွ ယောကာကွယ်ရေးတပ်ထံ အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ စစ်ကော်မရှင်ရဲ့ ခလရ (၅၀) တပ်က ဒုတပ်ကြပ်တစ်ယောက်ဟာ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးထံ လက်နက်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြစ်ခြေမြို့အနီး ကျေးရွာတွေကို စစ်တပ် လက်နက်ကြီးပစ်ကာ စစ်ကြောင်းထိုး မီးတင်ရှို့၊ ဒေသခံ ၂ ယောက် သေဆုံးကာ ၄၀၀၀ ကျော်လောက် ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီးနားက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်ကာ စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် အနည်းဆုံး ဒေသခံ ၄၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
Read More

သံတွဲမြို့နှင့် ဂွမြို့တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း ၂၀၀၀ ကျော် AA ရှင်းလင်းခဲ့

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ဂွမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို အာရက္ခတပ်တော် (AA) က ရှင်းလင်းခဲ့ရာ လက်ရှိအချိန်အထိ မြေမြှုပ်မိုင်း ၂၀၀၀ ကျော်အထိ ရှင်းလင်းခဲ့တယ်လို့ အာရက္ခမင်းသမီးမီဒီယာက သတင်းဖော်ပြထားပါတယ်။