ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်က အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်က  မတ်လ ၂၈ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါ အမျိုးသား သေဆုံးသွားကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူအမျိုးသားရဲ့ နေအိမ်အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချထားပြီး မေလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက စနိုက်ဘာနဲ့ ပစ်ခတ်လို့ အဲဒီထဲက စစ်ကောင်စီတပ်သားတစ်ယောက်နဲ့ အရာရှိတစ်ယောက် သေဆုံးသွားခဲ့ပါတယ်။

အဆိုပါ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ  စောအောင်မျိုးထွေး (ခ) ပြူးလေးကို စစ်ကောင်စီတပ်သားတွေက စောင့်ကြည့်နေပြီး မေလ ၂၈ ရက်နေ့မှာတော့ အခြားကျေးရွာတစ်ရွာကနေ အဆိုပါ အမျိုးသား နေအိမ်ကို ပြန်လာချိန်မှာ ဖမ်းဆီးခံလိုက်ရတာပဲ ဖြစ်ပါတယ်။

“သူ့အိမ်နောက်ဘက်ခြမ်းမှာ စစ်ခွေးလာနေတယ်  စစ်ခွေးလာနေတာ သူများစနိုက်ဘာနဲ့ ဆော်ထည့်လိုက်တာ ပြီးသွားတယ်။ တစ်ကောင်ပြီးသွားတော့ သူကခဏနေ မီးပုံပွဲကွင်းကို ဆိုင်ကယ်နဲ့ ဖြတ်မောင်းသွားတယ်။ အဲ့ကတည်းက စစ်ခွေးတွေ သူ့ကို မသင်္ကာမှုနဲ့  စောင့်ကြည့်တာ၊ သူ့ကို သွားဖမ်းတော့ သူ့ဖုန်းတွေဘာတွေစစ်တာ စစ်ခွေးသေတဲ့ပုံတွေ သတင်းအချက်အလက်တွေ နည်းနည်းတွေ့တော့ သူ့ကိုဖမ်းသွားတယ်။ အခုကြားရတာက အခြေအနေ တော်တော်ဆိုးတယ်လို့ ကြားတယ်” လို့ ကျုံဒိုးမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

သူ့နေအိမ်ကို စစ်ကောင်စီတပ်သားတွေ လာရောက်တဲ့နေ့မှာလည်း အသိမိတ်ဆွေတချို့က နေအိမ်ကို မပြန်လာဖို့ နဲ့ ဖုန်းထဲက အချက်အလက်တွေကိုဖျက်ထားဖို့ ပြောပေမယ့်လည်း ဖမ်းဆီးခံရသူ ကိုပြူးလေးက အဆင်ပြေကြောင်းနဲ့ ဘာမှမဖြစ်ဘူးဟုဆိုကာ နေအိမ်ကို ပြန်ရောက်ချိန်မှာပဲ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

“သူ့ကိုဖုန်းဆက်ပြောတယ်။ သူများ နင့်ကို အိမ်အောက်မှာဝိုင်းထားပြီး မပြန်လာနဲ့တော့လို့ သူ့ကိုအတန်တန်ပြောတယ်။ နင့်ဖုန်းမှာရှိတဲ့ဟာတွေ အကုန်ဖျက်လိုက်တော့နော် သူများပြောတယ်။ သူပြောတယ် ဘာမှမဖြစ်ဘူး ကျနော့်ကို စိတ်မပူနဲ့ ရတယ်။ သူ့အိမ်မှာသူမနေဘူး။ အဲ့ဒီမနက်ကျမှ သူ့အိမ်သူပြန်လာတာ သူများဝိုင်းဖမ်းတာမိသွားတယ်” လို့ အထက်ပါ မြို့ခံက ဆက်ပြောပါတယ်။

ကိုပြူးလေးကို စစ်ကောင်စီတပ်သားတွေဟာ ကျုံဒိုးရဲစခန်းကနေတစ်ဆင့် မော်လမြိုင် စစ်ကောင်စီတိုင်းရုံးကို ပို့ဆောင်ခဲ့ကာ အဲဒီမှာပဲ နှိပ်စက်သတ်ဖြတ်ခံလိုက်ရတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ အဆိုပါသေဆုံးမှုနဲ့ ပတ်သက်ပြီး လိုက်လံ မေးမြန်းတဲ့အခါ ရုပ်အလောင်းကို မတွေ့ရသေးတဲ့အတွက် သေချာအတည်မပြုနိုင်သေးဘူးလို့ နောက်ထပ်မြို့ခံတစ်ယောက်က ဆိုပါတယ်။

ကိုပြူးလေးဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး မြန်မာပြည်ကို ပြန်ရောက်နေတာ ၂ လကျော်လောက်သာ ရှိပါသေးတယ်။ စစ်ကောင်စီတပ်သားတွေ စနိုက်ဘာနဲ့ ပစ်ခတ်ခံရတဲ့နေ့မှာလည်း စစ်အုပ်စုဟာ လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ဖုန်းကို စစ်ဆေးတာမျိုးတွေ၊ မသင်္ကာတဲ့လူငယ်တွေကို ရိုက်နှက်တာမျိုးတွေ ပြုလုပ်တဲ့အတွက် လူငယ်အမျိုးသားတချို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

“စစ်ကြောင်းက ကျုံဒိုးရဲ့  နေရာအတော်များများမှာရှိတယ်။ သူတို့အနားကို ဖြတ်သွားတာဆိုရင် ဖုန်းစစ်တယ်၊ စစ်ကြောင်းကထွက်ဖို့ကြိုးစားနေလို့ လက်နက်ကြီးတွေ နဲ့ ပစ်လို့ မြို့ထဲကိုကျတယ်” လို့ နောက်ထပ် မြို့ခံတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့ကတည်းက ကျုံဒိုး ကမ်းနီရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက် စစ်ကောင်စီတပ် နဲ့ KNLA ကာကွယ်ရေးပူးပေါင်းတပ်တို့ အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့တဲ့အတွက် ဒီနေ့အထိ ကျုံဒိုး ၊ ကျွန်းကလေး ၊ နွားခြံကုန်း ၊ အင်းကြီး ၊ နောင်တမံ ၊ သရက်တော ၊ ကမ်းနီ အစရှိတဲ့ ကျေးရွာတွေက ဒေသခံ ၅၀၀၀  ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

0 Shares:
You May Also Like
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ…

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့အနီးက စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
Read More

ရပ်စောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက်အတွက် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ လွယ်ဟောင်ရွာအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက် ဆေးကုသမှုအတွက် အကူအညီ လိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်သေဆုံး

ပဲခူးတိုင်း တောင်ငူမြို့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ဌာနချုပ်ဝန်းထဲက အဆောက်အအုံတွေပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ ၅ ယောက်သေပြီး အရာရှိတွေအပါ ၄ ယောက်ထိခိုက်သွားတယ်လို့ Brave…
Read More

မင်းကွန်းပစ်ခတ်မှုအတွင်း အရပ်သားတွေ ထိခိုက်ခဲ့မှုအတွက် မစ်ရှင်ဖော်ဆောင်တဲ့ အဖွဲ့တွေ တာဝန်ယူရမယ်လို့ မင်းကွန်း PDF သတိပေး

စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေ ရှိခဲ့တာနဲ့ပတ်သက်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိရမယ်လို့ မင်းကွန်း PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေနံချောင်းမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး သေဆုံးပြီး ကလေး ၂ ဦးအပါ ၄ ဦး ဒဏ်ရာရ…

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေး ၂ ယောက်အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေနံချောင်း PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။