ကရင်ပြည်နယ် ၊ မြဝတီ – ဝေါ်လေ ကားလမ်းပေါ်ရှိ ဝါးမီထခေါ် ရွှေအေးမြိုင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မေလ ၂၉ ရက် မနေ့က မနက်ပိုင်းမှာ KNU လက်အောက်ခံတပ်တွေ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဟာ ဆုံဆည်းမြိုင်နဲ့ ဥကရစ်ထရွာကြားမှာ တည်ရှိပြီး ဥကရစ်ထစခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ ရွှေအေးမြိုင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မြဝတီမြို့တောင်ဘက် ၊ ဝေါ်လေ ဒေသရှိ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝေါ်လေ ၊ ကနဲလေး၊ ဘလယ်ဒို ၊ မော်ခီး နဲ့ သေ့ဘောဘိုး တပ်စခန်းတွေကို KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ဘလယ်ဒို ၊ ကနဲလေး နဲ့ ဝါးမီထတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် စစ်ကောင်စီတပ်စခန်းတွေကို KNU က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီနေ့မနက်ပိုင်းအထိ အရပ်သားပြည်သူ ၅၀၀ ကျော် ထိုင်းနိုင်ငံဘက်အခြမ်း စစ်ဘေးရှောင်ခိုလှုံလာတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ဒီနေ့မနက်ပိုင်း ထိုင်းနိုင်ငံဘက် စစ်ဘေးရှောင်လာတဲ့ ပြည်သူများ
ဒီနေ့မနက်ပိုင်း ထိုင်းနိုင်ငံဘက် စစ်ဘေးရှောင်လာတဲ့ ပြည်သူများ
0 Shares:
You May Also Like
Read More

မင်းတပ်မှာ စစ်တပ် ထောင်ထားသည့် မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းပြီးဖြစ်၊ ဆက်လက်ရှင်းလင်းရန် ကျန်ရှိနေသေး…

ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းထားပြီး ရှင်းလင်းဖို့ မိုင်းတွေ ကျန်ရှိနေဆဲဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဆေးတပ်ဌာနခွဲရဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊  ဆေးတပ်ဌာနခွဲကနေ ဦးစီးပြုလုပ်တဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းရဲ့သင်တန်းဆင်း ပွဲအခမ်းအနားကို စက်တင်ဘာ ၂၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF က ဒီနေ့မှာ သတင်းဓာတ်ပုံတွေ ထုတ်ပြန်လာပါတယ်။
Read More

တရုတ်နိုင်ငံကြက်ခြေနီအသင်း၏ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်(၉)စီးကို စစ်ကောင်စီတပ် ပစ်ခတ်

တရုတ်နိုင်ငံကြက်ခြေနီအသင်းရဲ့ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်(၉)စီးကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်လတ်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

နမခတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် စစ်မှုထမ်း‌ တပ်သားသစ် ၄ ဦး သေနတ် ၃ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်း‌ တပ်သားသစ် ၄ ယောက် သေနတ် ၃ လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

မုံရွာ နမခမှ စစ်ကောင်စီတပ်သား ၃ ဦး မုံရွာ ပကဖ ဆီ လက်နက်မဲ့ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်ထောင်တွင် နိုင်ငံရေးအကျဥ်းသားတစ်ဦး ရုတ်တရက် နှလုံးရပ် သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည် အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုလှမင်း (ခ) ကိုလှကြီးဟာ ရုတ်တရက် နှလုံးရပ်‌ သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။