ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတွေ တိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ PDF Pekhon က ထုတ်ပြန်ထားပါတယ်။

မေလ ၇ ရက်ကနေ မေလ ၂၆ ရက်အထိ ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းနဲ့ မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စခန်းကုန်းမကျစေရေး စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူတဲ့တွေကြားကနေ တော်လှန်ရေးတပ်တွေက စခန်းကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပျူစခန်းဆီ ရိက္ခာပို့တဲ့ စစ်တပ်ရေယာဉ် ၂ စီးကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ရိက္ခာလာပို့တဲ့  အကြမ်းဖက်စစ်တပ်ရေယာဉ် ၂ စီးကို ဒီနေ့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမာန်GZ တပ်ဖွဲ့ရဲ့ တာဝန်ခံ ရဲဘော် ရွှေမန်းထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ထူးချောင်းစခန်းကုန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးမှတ်တမ်း (ရုပ်/သံ)

ကရင်နီပြည်နယ် ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ကြားက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထူးချောင်းစခန်းကုန်းကို KNDF B-09 က ဒရုန်းစစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဖော်ပြလိုက်ပါတယ်။
Read More

PDF ရဲဘော်များ သီဆိုထားသည့် သုည၏အားမာန် (ရုပ်/သံ)

စစ်အာဏာရှင်တွေကို နိဂုံးချုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ အသက်တွေ ဘဝတွေ ပေးဆပ်ကာ တိုက်ပွဲဝင်နေတဲ့ PDF လူငယ်တွေအတွက် ရေးစပ်ထားတဲ့ သုည၏အားမာန် သီချင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်ကတဆင့် မျှဝေထားပါတယ်။
Read More

TRI ဗျူဟာ၏ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မြို့နယ် ရွှေဂူတောင်ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦးသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို စီးနင်းတိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမှာ မိုင်းရှင်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ကနေ မိုင်းရှင်းဖို့လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။