စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကင်းရွာကို လက်နက်ကြီးပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မေလ ၂၈ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်မြောက်ခြမ်း မင်းကွန်းရွာကို ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မင်းကွန်းရွာ သင်္ဘောကျင်းကတဆင့် ကင်းရွာကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်မီးရှို့ခဲ့တာလို့သိရပါတယ်။

“ကားတွေနဲ့ ရွာထဲဝင်လာပြီး လက်နက်ငယ်တွေ ရမ်းပစ်််တယ်။ အင်အား၅၀လောက်ရှိမယ်။ ဒလန်သတင်းပေးချက်အရ လူလာရှာတာလို့သိရတယ်။ အဲ့ဒါမတွေ့တော့ အိမ်တွေမီးရှို့သွားတာပဲ”လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကင်းရွာအတွင်းက နေအိမ် ၁၈လုံးနီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့လည်း Wetletinformational Network ကထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မှာပဲ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာ ကတဆင့် မင်းကွန်းရွာ ရဲစခန်းဆီ စက်လှေတွေနဲ့ အင်အားဖြည့်တင်းခဲ့သေးတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့် ကင်းရွာ မြင်ကွင်း (ဓာတ်ပုံ Wetlet informational Network)

0 Shares:
You May Also Like
Read More

အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်ထားမှုမှ ဖယ်ရှားနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု NLD ပါတီ ထုတ်ပြန်

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရီတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ဖမ်းဝရမ်းကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖယ်ရှားနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို မနားတမ်း ခုခံနေသည့် KNDF ရဲဘော်များ (ဓာတ်ပုံသတင်း)

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ကို သာလွန်အင်အား၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် - ၁၅ က ထုတ်ပြန်ထားပါတယ်။
Read More

ညစ်ညမ်းစာပေ ထုတ်ဝေတယ် ဟုဆိုကာ စစ်ကောင်စီက စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို လိုင်စင်ပိတ်သိမ်း

ညစ်ညမ်း စာပေထုတ်ဝေတယ်ဟုဆိုကာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြပါတယ်။ 
Read More

TNLA စိုးမိုးနယ်မြေများမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ဦး သေဆုံး၊ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၄) ဦး ထိခိုက် ဒဏ်ရာရ

တအာင်းတပ်မတော် (TNLA) စိုးမိုးနယ်မြေတွေမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ (၃) ယောက် သေဆုံးပြီး ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ပိုင်ဆိုင်မှုများကို CDF ထန်တလန် ချိတ်ပိတ်သိမ်းဆည်း

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာမှုထန်ရဲ့ CDF ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း ပိုင်ဆိုင်ထားတဲ့ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုအားလုံးကို တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား အပြီးတိုင် သိမ်းဆည်းလိုက်မယ်လို့ CDF ထန်တလန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုနှင့် ပျူစောထီးများလိုက်ပါလာသည့် ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ တပ်ကြပ်ကြီး နေရာတင်သေပြီး ၃ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်အုပ်စုတွေလိုက်ပါလာတဲ့ ကား၂စီးကို မလယ်-ဇီးကုန်းလမ်းပိုင်းအတွင်း မိုင်းဆွဲတိုက်ခိုက်ရာ တပ်ကြပ်ကြီး အဆင့်ရှိသူ ပွဲချင်းပြီးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကန့်ဘလူခရိုင် တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။