မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်ဝင်ရောက်ကာ ကမ္မတပ်ပေါင်းစု KMDF စခန်းကို မီးရှို့ဖျက်ဆီးမှုကြောင့် ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကမ္မကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မေလ ၂၇ ရက်ကစလို့ ပခုက္ကူမြို့ကနေ ယာဉ်တွေနဲ့ ထွက်လာပြီး မှိုက်ပင်ကုန်းရွာကတစ်ဆင့် ငဖောင်ကန်ရွာနဲ့ ညောင်ဂျစ်ပင်ရွာပျူစခန်းအထိ ခြေလျင်စစ်ကြောင်း ထိုးလာတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ မေလ ၂၈ ရက်မှာ ကမ္မတပ်ပေါင်းစုတော်လှန်ရေးအဖွဲ့ရဲ့ KMDF စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မီးရှို့ဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာမှုကြောင့် ကမ္မ-ပေါက်လမ်းပိုင်းရှိ ကျေးရွာပေါင်း ၁၅ ရွာမှာ အရပ်သားပြည်သူ ၂၀၀၀ ကျော် စစ်ဘေးလွတ်လာတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
Video – Kamma Defence Force KMDF