စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အရက်ဆိုင်ထိုင်သူတွေအပါအဝင် မြို့ပေါ်နဲ့ ကျေးရွာတွေက အရပ်သား ၁၀၀နီးပါးကို စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၁၃ရက် ညနေပိုင်းက ကန့်ဘလူမြို့ပေါ် အမှတ်(၁) ရပ်ကွက်နဲ့ အမှတ် (၂) ရပ်ကွက်တွေမှာ အရက်ဆိုင်ထိုင်တဲ့ အရပ်သား အယောက်၃၀ နီးပါး စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

စစ်အုပ်စုဟာ အဆိုပါဖြစ်စဥ်မတိုင်ခင် မေလဆန်းပိုင်းကတည်းက ပေါ်တာဆွဲဖမ်းဆီးတာတွေကို အရှိန်မြှင့်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး မှော်တော်နဲ့ ကံကြီးကုန်းရွာတွေက အရပ်သား ၆၀နီးပါးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်ပါးစေတွေက ပေါ်တာဆွဲဖမ်းဆီးခံရသူတွေဆီက ငွေသိန်းဆယ်ဂဏန်းအထိ တောင်းတတ်တယ်လို့လည်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် မေလ ၁၅ရက်နေ့နဲ့ ၁၉ရက်နေ့တွေကလည်း နာမည်စာရင်း အတိအကျနဲ့ အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်တာမျိုးတွေရှိခဲ့သလို လက်ဖက်ရည်ဆိုင်ထိုင်သူတွေပါ ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

ကန့်ဘလူမြို့ပေါ်က ပေါ်တာဆွဲဖမ်းဆီးမှုတွေကို အမှတ် ၂ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ ပျူစောထီး အောင်သူထွန်းဆိုသူနဲ့ စစ်အုပ်စုလက်ပါးစေတွေက ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကို ငွေကျပ်သိန်း ဆယ်နဲ့ချီ ငွေညှစ်တောင်းခံရင်း ကန့်ဘလူမြို့နယ် ကြံ့ခိုင်ရေးရုံးအပါအဝင် OSS ရုံးနဲ့ ၁၀၀၆ တင့်ကားတပ်​ရင်းတွေဆီ ပို့ဆောင်နေကြောင်း သိရပါတယ်။

ဒါ့အပြင် ကျေးရွာတွေထဲ စစ်မှုထမ်း မဲပေါက်သူတွေကိုယ်စား စစ်တပ်ထဲ လိုက်ပေးသူအတွက် သိန်း ၅၀ အထိ စျေးကွက်ပေါက်သလို စစ်မှုထမ်းကြေးအတွက် တစ်အိမ်ထောင် ၁သိန်းခွဲအထိ ပေးဆောင်ရတာမျိုးတွေလည်းရှိကြောင်း၊ စစ်မှုထမ်းကိစ္စတွေအတွက်စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးဆိုသူတွေက ငွေညှစ်တောင်းခံတာတွေအဓိကလုပ်ဆောင်နေတာဖြစ်ကြောင်းသိရပါတယ်။

” ရွာဘက်တွေရော မြို့ပေါ်ဆို ၁၀၀ ကျော်မယ်ထင်တယ်။ ဆက်တိုက်ဆွဲနေတာပါ။ အသက် ၄၀အရွယ်တွေပါ ပါတယ်။ မလိုက်ချင်ရင် ပိုက်ဆံပေးပေါ့။ အခုက စစ်မှုထမ်းလူစားထိုးဖို့ကို သိန်း၈၀လောက်အထိ တောင်းတာပါ။ တော်တော်ဆိုးဆိုးဝါးဝါး ငွေညှစ်နေတာပါ။” လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

ကန့်ဘလူမြို့နယ်အတွင်း စစ်မှုထမ်း အင်အားစုဆောင်းမှုကို ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ်ဝါသဝနဲ့ နောက်ပါတွေက ဦးဆောင်လုပ်ကိုင်နေတာလို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

၁၀၂၇ စစ်ဆင်ရေး အောင်ပွဲရ  PLA ရဲဘော်တွေကို အညာဒေသခံတွေ ဂုဏ်ပြုကြိုဆို 

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲဘော်တွေကို အညာဒေသတစ်နေရာမှာ ဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဝေဖန်လို့ ဖမ်းဆီးခံရသူများအနက် ရန်ကုန်မြို့က အများဆုံး ပါဝင်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်လို့ အဖမ်းခံရသူတွေထဲမှာ ရန်ကုန်မြို့က အများဆုံး ပါဝင်နေတယ်လို့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ စစ်ကော်မရှင်က တိုက်ရိုက် ခြိမ်းခြောက်နေသော လွတ်လပ်စွာပြောဆိုခွင့် အစီရင်ခံစာနဲ့ စစ်အုပ်စု ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
Read More

စနစ်ဆိုး၏ တန်းတူညီမျှမှုမရှိသည့် စံနှုန်းများကို ချေဖျက်ပစ်ဖို့ လူနည်းစုလူငယ်များ ဦးဆောင်ပြီး ကမ်ပိန်းပြုလုပ်

စနစ်ဆိုးရဲ့ တန်းတူညီမျှမရှိတဲ့ စံသတ်မှတ်နှုန်းတွေကို ချေဖျက်ပစ်ဖို့ လူနည်းစု လူငယ်တွေ ဦးဆောင်ပြီး K - Word မှသည် Identity Campaign ကို ဇွန်လ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

ကျိုက်ထိုမှာ WY မူးယစ်ဆေးပြား ရောင်းဝယ်ရင်း တော်လှန်ရေးသတင်း ထောက်လှမ်းနေတဲ့ ရဲသတင်းပေးကို ပကဖ ဖမ်းဆီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က WY မူးယစ်ဆေးပြားရောင်းဝယ်ရင်း တော်လှန်ရေးသတင်းထောက်လှမ်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲသတင်းပေးကို ဖမ်းဆီးလိုက်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းကုန်စည်တွေ စျေးကွက်အတွင်း ပြတ်လတ်ပြီး စျေးတက်နေ

စစ်ကောင်စီက ကုန်သည်တွေကို တရားမ၀င်ကုန်စည်တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူနေလို ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအချို ပြတ်လပ်နေတယ်လို ရန်ကုန်မြိုခံတွေက ပြောပါတယ်။
Read More

ဘုတလင်တွင် အလင်းဝင်ချင်သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးကို တော်လှန်ရေးတပ်များက ကယ်ထုတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက် အလင်းဝင်ရောက်လိုတဲ့ စစ်မှုထမ်းတပ်သား ၁ ယောက်ကို ခက်ခက်ခဲခဲ သွားရောက်ခေါ်ထုတ်ပေးခဲ့ရကြောင်း Budalin Mobile Team (BMT) ရဲ့ သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။