“သင်တန်းဆင်းတုန်းက ၃၄၀ ကျော်ရှိတယ်။ သင်တန်းသားရှိတာကတော့ ၃၆၀ ကျော်ပေါ့၊ ၂၀ ကျော် လောက်က ပြေးတာ၊ ကျနော်တို့လည်း မသိခဲ့ဘူး။ မင်းတို့တပ်ထဲထိအောင် သွားကြည့်ပါအုံး၊ တပ်ထဲ မှာ ဘယ်နေရတယ်၊ ဘယ်လိုထိုင်ရတယ်ဆိုပြီး စည်းရုံးတာ။ ပြီးတော့ သူတို့ထည့်တဲ့ ဆိုက်ဝါးကလည်း မင်းတို့ဟိုဘက်ကိုပြေးလို့ရှိရင် မိတဲ့သူတွေကို သတ်မယ်၊ ကျနော်တို့က ဒီဘက်ကို ပြေးလာရင် သတ်ပစ်ခံရမှာပေါ့၊ အဲ့လိုပြောတာ၊ အဲ့ဒါကြောင့် တော်ရုံတန်ရုံနဲ့ မပြေးရဲကြဘူး။ ဒါပေမယ့် ပြေးတဲ့သူတွေတော့ လွတ်ပါတယ်။ အဲဒီတုန်းက ၁၆ ယောက်ပြေးတာ။ သင်တန်းပြီးတော့ ဒီရှေ့တန်းကို တန်းရောက်လာတာ”

Video – အာဠာဝကစစ်ကြောင်း

0 Shares:
You May Also Like
Read More

တောင်ညိုတပ်ရင်းတွင် မိသားစုလိုက် တာဝန်ထမ်းဆောင်နေသည့် တပ်ထောက် အရာရှိ ကိုသက်ကြီး၏ တော်လှန်ရေးစကားသံ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ညိုတပ်ရင်းရဲ့ တပ်ထောက်အရာရှိ ကိုသက်ကြီးရဲ့ မိသားစုလိုက် တာဝန်ထမ်းဆောင်ဖြစ်ပုံကို ‌‌တောင်ညိုတပ်ရင်းက ‌ဖော်ပြခဲ့ပါတယ်။
Read More

တိုက်ပွဲတစ်ခုအတွင်းမှာ လက်နက်ချခဲ့တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ​ကျော်​​ဇေယျာမြင့်ရဲ့ ပြောကြားချက် (ရုပ်/သံ)

“ကျနော်တို့ လက်နက်ချအညံ့ခံဖို့ စဉ်းစားမိတာကတော့ ကျနော်တို့ ထွက်လာတုန်းက ကျနော့်အထက်မှာ ဗိုလ်မှူးတစ်ယောက်ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ အဲဒီမှာ ပိတ်မိသွားတယ်ပေါ့။ ကျနော် ပြောပါတယ်။ ဗိုလ်မှူး အခြေအနေမကောင်းတော့ဘူး။ အခြေအနေ မလှတော့ဘူးပေါ့။ အဲဒီအတွက် ကျနော်တို့ လက်နက်ချမှ ရတော့မယ်ဆိုတဲ့ အချိန်မှာ အဆင်မပြေသေးဘူးပေါ့။ နောက်ကိုလည်း စစ်ကူတွေ ထပ်လိုက်လာတယ်လို့ ပြောတယ်။ နောက်ဆုံးတော့ ဗိုလ်မှူးလည်း ကျသွားပါတယ်”
Read More

တစ်ခုတည်းသောမွန်တပ်တော် ပေါ်ထွန်းလာရေး မွန်တော်လှန်ရေးတပ်ဖွဲ့ (၄) ခုရဲ့ ပေါင်းစည်းမှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် တွေ့ဆုံမေးမြန်းခြင်း

မွန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့ မွန်ပြည် လွတ်မြောက်ရေးတပ် (MLA)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည် တော်လှန်ရေးတပ် (MSRF) နဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD) တို့ဟာ ဒီဇင်ဘာလ ၁၈ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြပြီး မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေး အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ကြပါတယ်။ 
Read More

တိုက်ပွဲတစ်ခုအတွင်းမှာ လက်နက်ချခဲ့တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ညီညီ​အောင် (ရုပ်/သံ)

''တပ်မတော်သည် ပြည်သူအပေါ် သစ္စာစောင့်သိရမယ်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ်။ ဘာပဲလုပ်လုပ် ပြည်သူကျေနပ်ရမယ်ဆိုတဲ့ အနေအထားမရှိတော့တဲ့အချိန်မှာ ကျနော်တို့သည် တပ်မတော်ရဲ့ အမိန့်ကို ဖီဆန်ပြီးတော့ လက်နက်ချလိုက်တာကို သစ္စာဖောက်တယ်လို့ ယူဆရလို့ရတယ်ပေါ့''
Read More

မုံရွာခရိုင် အမှတ်(၁) တပ်ရင်းထံ ပြည်သူ့စစ် ၂ ဦး အလင်းဝင် (ရုပ်/သံ)

တပ်မ ၆၆ လက်အောက်ခံ၊ ခမရ (၄) က အလင်းဝင်လာတဲ့ ပြည်သူ့စစ် ၂ ယောက်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို မုံရွာခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။