မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ တယ်လို့ မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၅ ရက် မနက်ပိုင်းကစတင်ပြီး နွားထိုးကြီးမြို့နယ် ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က စခန်းမကျစေရေး မေလ ၁၆ ရက် မနက်ပိုင်းမှာ လေကြောင်းပစ်ကူနဲ့ ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဝက်လူးနယ်မြေရဲစခန်း မျက်နှာစာအတွင်းပိုင်းထိ ထိုးဖောက်နေရာယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၉ ရက်မှာ ဇီကျေးရွာအနီးသို့ တပ်မ ၈၈ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ ၈၃၊ ခမရ ၁၀ တို့ ဝင်ရောက်လာတာကြောင့် တိုက်ပွဲ ၁ နာရီကြာဖြစ်ပွားကာ စစ်ကောင်စီတပ်သားတွေ အထိနာခဲ့ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၅ ရက်ကနေ မေလ ၁၉ ရက်အထိ ဖြစ်ပွားခဲ့တဲ့အတွက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ နဲ့အထက် သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး စစ်သားအလောင်း ၁၀ လောင်းနဲ့ လက်နက် ၁၈ လက်၊ ကျည်မျိုးစုံ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ် လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၅၀ ကျော် အသုံးပြုခုခံခဲ့တယ်လို့ သိရပါတယ်။

Video – Myingyan District Drone Strike -MDDS

0 Shares:
You May Also Like
Read More

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး”အကြီးဖြိုဖို့ အသီးလိုတယ်”ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး ''အကြီးဖြိုဖို့ အသီးလိုတယ်''ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရွှေကျင်မြို့နယ် ကွင်းဆိပ်နဲ့ ဝင်းကံရွာကြားရှိ ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာ ဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိတ္ထီလာမြို့ပေါ် ကင်းလှည့်နေသည့် ရဲကား လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ ရဲကားကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ဆုံရွာ ပျူခေါင်းဆောင်နေအိမ်နှင့် ကင်းဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ်နဲ့ ကင်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့  Youth Guerrilla Counter Revolution -NZ မှ သတင်းထုတ်ပြန်ထား ပါတယ်။
Read More

အိန္ဒိယနိုင်ငံ ကျေးရွာတစ်ရွာမှာ ရုတ်တရက် တောင်ကျရေလွှမ်းပြီး လူ ၄ ဦး သေဆုံးကာ အများအပြား ပျောက်ဆုံးနေ (ရုပ်/သံ)

အိန္ဒိယနိုင်ငံ Uttarkashi မြို့ရဲ့ Dharali ကျေးရွာမှာ သြဂုတ် ၅ ရက်က တောင်ကျရေ ရုတ်တရက် စီးဆင်းလာပြီး ရေလွှမ်းသွားခဲ့ရာ လူ ၄ ယောက်သေဆုံးကာ အများအပြားပျောက်ဆုံးလျက်ရှိတယ်လို့ အိန္ဒိယသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မဟာအောင်မြေမြို့နယ်အတွင်း ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ဖောက်ထွင်းခံရပြီး ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းတွေ ခိုးယူခံရတယ်လို့ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ထံက သိရပါတယ်။