စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား  တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၅ ရက်မှာ ရွှေဘိုမြို့ကနေ တံခွန်တိုင်၊ ကြောင်မန်းကန်နဲ့ သစ်ချိုပင်ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဇာမဏီဒရုန်းတပ်ဖွဲ့ – Phoenix Wings၊ BLACK WOLF-ARMY ၊ Dragon Urban Guerrilla၊ ပြည်သူ့အစေခံအဖွဲ့နဲ့ လှတောတိုက်နယ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ဇာမဏီဒရုန်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ဖားကန့်မြို့နယ်အတွင်း ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး အထိနာနေသည့် စစ်ကောင်စီလေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ဒီနေ့ဇူလိုင်လ ၁၆ ရက်မှာ ဖားကန့်ရှိ မှော်မောင်းလျံကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
Read More

ဖားကန့် မှော်စီစာရှိ စက်ယန္တရားများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာရှိ စက်ယန္တရားတွေကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြဝတီ KK Park အတွင်းရှိ အဆောက်အအုံများကို စစ်ကော်မရှင် ဖောက်ခွဲဖျက်ဆီးထားမှု မြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ တည်ရှိရာ KK Park အတွင်း အဆောက်အအုံ ၁၄၈ လုံးရှိတဲ့အနက် ၁၀၁ လုံးကို ဖျက်ဆီးပြီးသွားပြီလို့ စစ်တပ်လက်အောက်ခံ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
Read More

မြို့သာမြို့လယ် ဆက်ကြေးကောက်နေသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့လယ်ခေါင်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်သား‌တွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Special Task Force Ngazun က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးခဲ့ရသည့် ရဲဘော်များအတွက် DMO Local PDF အောက်မေ့ခြင်း အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို DMO Local PDF ရဲဘော်၊ ရဲမေတွေကို နိုဝင်ဘာ ၂ ရက်က သင်္ချိုင်းပွဲ (ကွယ်လွန်သောသူအတွက် အောက်မေ့ဖွယ်ရာနေ့) မှာ ဖယောင်းတိုင်မီးထွန်းခြင်း၊ မိစ္ဆာတောင်းဆိုခြင်းနဲ့ အလေးပြုခြင်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ယနေ့ နေ့လယ် မိုးကုတ်မြို့ ဘုရားငါးဆူကို စစ်ကော်မရှင် ဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘုရားငါးဆူအနီးကို အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ အောက်တိုဘာ ၂၁ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။