အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်ကာလမှာ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော် ၁၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဒီနေ့မှာ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

PDF စစ်ရုံးအစီရင်ခံစာအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း ပကဖ ရဲဘော် ၂၀၀ ကျော် ကျဆုံးခဲ့ပြီး ၄ နှစ်တာကာလအတွင်းမှာ ၁၀၀၀ ကျော်ပြီလို့ ဒေါက်တာတူးခေါင်က ဆိုပါတယ်။

“အွန်လိုင်းပေါ်မှာတော့ ပကဖ တွေ ဆိုးတဲ့အကြောင်း၊ ပ သုံးလုံးတွေရဲ့ မကောင်းသတင်းပဲ များသောအားဖြင့် တွေ့ရပါလိမ့်မယ်။ မြေပြင်မှာ အသက်ပေးလှူနေကြတဲ့ သူတို့ဘဝတွေ လွယ်ကူမနေဘူး။…. PDF ရဲဘော်များကတော့ ကျဆုံးအများဆုံးပေါ့။ ” လို့ ဒေါက်တာတူးခေါင်က ဆိုပါတယ်။

နေ့စဉ် လေယာဉ်နဲ့ ဗုံး အန္တရာယ်ကြားမှာ အသက်ကိုဖက် နဲ့ ထုပ်ပြီး သွားလာလှုပ်ရှားနေရတာဖြစ်တဲ့အတွက် မချေမငံ ဆက်ဆံနေရတဲ့ အနေအထားမျိုးလည်း ရှိကောင်းရှိနိုင်သလို တော်လှန်ရေးရံပုံငွေ လိုအပ်ချက်ပြည့်မီဖို့ အပူတပြင်း လုပ်နေရတဲ့အချိန်လည်းရှိတာကြောင့် အားလုံးနားလည်ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ကြောင်း ဒေါက်တာ တူးခေါင်က ပကဖ ရဲဘော်တွေနဲ့ ပတ်သက်ပြီး ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်မြို့ကို ပြန်လာတဲ့ ဗိုလ်မှူးကျော်တင့်ရဲ့ စစ်ကြောင်းချေမှုန်းခံရပြီး ၃၃ယောက် သေဆုံးကာ ဗိုလ်ကြီး ၂ယောက်အပါ ၄၃ယောက်က်ို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်တိုက်ပွဲအတွင်း ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား (၃၃)ယောက်သေပြီး ဗိုလ်ကြီး၂ယောက်အပါ စစ်သုံ့ပန်း (၄၃) ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန…
Read More

ငလျင်ဒဏ်သင့်ဒေသများကို လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရန်ကုန်မှာ ဆန္ဒပြ

လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့မှာ ငလျင်ဒဏ်သင့် ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံတွင် စစ်ကောင်စီတပ်ကို MBT မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သားများနှင့် ပြည်သူများ ရောထွေးနေမှုကြောင့် မစ်ရှင် ၂ ခု ဖျက်သိမ်းခဲ့ရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်မှာ စစ်ရေးမစ်ရှင် ၃ခု ဖော်ဆောင်ဖို့ကြိုးစားခဲ့ပေမယ့် အရပ်သားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ရောထွေးစကားပြောဆိုမှုတွေ ရှိနေတာကြောင့် မိုင်းဆွဲမစ်ရှင်တစ်ခုသာ သေချာလုပ်ဆောင်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် ဝါးရုံပင်အတွင်း ပုန်းခိုနေသည့် အရပ်သား ၁ဦး သေဆုံး ကမ္မ -ရေပြာလမ်းပိုင်းတစ်ဝိုက်ကိုလည်း Y12 လေယာဥ်ဖြင့် ဗုံးအလုံးရေ ၇၀ ကျော်ကြဲ

“လေထီးက လာတော့ သူက ကြောက်လန့်ပြီး ဝါးရုံပင်ကြားထဲသွားပုန်းတာ။ ဗုံးက သူ့အနောက်နားကျပြီး ဗုံးစက သူ့ကျောကိုပေါက်သွားတာပါ။ လေထီး ၂စီးနဲ့ ၃လုံးချတာ၊ အဲ့ ၁လုံးအပြင် နောက်အခြားဘက်ကျတဲ့ အလုံးတွေက မြင်းတွေရော ဆိတ်တွေရော သေတယ်လို့သိရတယ်။" လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၃၄၀၀ ကျော်သွားပြီဟု စစ်ကောင်စီ ထုတ်ပြန်

ဆိုးရွားပြင်းထန်တဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း ဧပြီလ ၅ ရက်နေ့အထိ စာရင်းတွေအရ သေဆုံးသူ ၃၄၅၅ ယောက်အထိ ရှိလာပြီဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။