နိုင်ငံတစ်ဝန်း စစ်မျက်နှာတွေမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့ဆီ တပ်သားသစ် လျှောက်ထားနိုင်သူတွေကတော့ ပထမ ဦးစားပေးအဖြစ် တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးထားတဲ့ ဆေးနားတော်လှန်ရေးရဲဘော်တွေကို ဖိတ်ခေါ်ထားပါတယ်။

ဒုတိယဦးစားပေးအနေနဲ့တော့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုခုမှာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ တော်လှန်ရေးရဲဘော်တွေကို ဖိတ်ခေါ်ထားပြီး တတိယအနေနဲ့ စစ်အာဏာရှင်ကို နည်းပညာအင်အားနဲ့ တော်လှန်လိုသူတွေကို ဖိတ်ခေါ်ထားပါတယ်။

ဒါ့အပြင် Federal Wings ဒရုန်းတပ်ဖွဲ့နဲ့အတူ Research and Development လုပ်ငန်းတွေ ပူးတွဲဆောင်ရွက်လိုတဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း အနည်းဆုံး တပ်ဖွဲ့ဝင် (၃) ယောက် စေလွှတ်ကာ Federal Wings ဒရုန်းတပ်ဖွဲ့မှာ ပူးတွဲတာဝန်ထမ်းဆောင်စေပြီး နည်းပညာတိုးတက်ပြန့်ပွားစေဖို့ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

သေဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်း၊ စစ်သားအချို့ အရှင်ဖမ်းမိ…

ကရင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာစခန်းကနေ သေဘောဘိုး စခန်းအတွက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်သားအချို့ အရှင်ဖမ်းမိထားတယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ထီးထဗျူဟာစခန်း စခန်းသိမ်းအောင်ပွဲအကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲတပ်သားကို Salingyi Revolution Eagles က ဂုဏ်ပြုဆုငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် စစ်ကြောင်းများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထောင်နှင့်ချီ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေ အပြိုင်ဝင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်ရှိနေတာကြောင့် မြို့နယ်အရှေ့နဲ့အနောက်ခြမ်းက အရပ်သားတွေ ထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

တရုတ်ကို မှီခိုမှု မကင်းနိုင်တဲ့ တော်လှန်ရေးအင်အားစုတွေ တရုတ်ရဲ့ လွှမ်းမိုးမှု မခံရအောင် အခြားစဥ်းစားချက်တွေ ထားရှိဖို့ အရေးကြီးတယ်လို့ ယာယီသမ္မတ ပြော… NUG အစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို့ မရဘူးလို့ သတိပေး…

တော်လှန်ရေးအင်အားစုတွေဟာ တရုတ်ကို မှီခိုမှုမကင်းနိုင်တာတွေ ရှိတာကြောင့် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု မခံရအောင် အခြားရွေးချယ်စရာ စဥ်းစားချက်တွေ ထားရှိဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

နိုဝင်ဘာလအတွင်း ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနှင့်ရဲ (၃၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့

နိုဝင်ဘာလအတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တဲ့ ဗိုလ်မှူး (၁) ယောက် အပါအဝင် စစ်သားနဲ့ ရဲ (၃၃) ယောက်ဟာ ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်မှာ အသိပေး ထုတ်ပြန်လာပါတယ်။