နိုင်ငံတစ်ဝန်း စစ်မျက်နှာတွေမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
Federal Wings ဒရုန်းတပ်ဖွဲ့ဆီ တပ်သားသစ် လျှောက်ထားနိုင်သူတွေကတော့ ပထမ ဦးစားပေးအဖြစ် တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးထားတဲ့ ဆေးနားတော်လှန်ရေးရဲဘော်တွေကို ဖိတ်ခေါ်ထားပါတယ်။
ဒုတိယဦးစားပေးအနေနဲ့တော့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုခုမှာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ တော်လှန်ရေးရဲဘော်တွေကို ဖိတ်ခေါ်ထားပြီး တတိယအနေနဲ့ စစ်အာဏာရှင်ကို နည်းပညာအင်အားနဲ့ တော်လှန်လိုသူတွေကို ဖိတ်ခေါ်ထားပါတယ်။
ဒါ့အပြင် Federal Wings ဒရုန်းတပ်ဖွဲ့နဲ့အတူ Research and Development လုပ်ငန်းတွေ ပူးတွဲဆောင်ရွက်လိုတဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း အနည်းဆုံး တပ်ဖွဲ့ဝင် (၃) ယောက် စေလွှတ်ကာ Federal Wings ဒရုန်းတပ်ဖွဲ့မှာ ပူးတွဲတာဝန်ထမ်းဆောင်စေပြီး နည်းပညာတိုးတက်ပြန့်ပွားစေဖို့ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။