တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၅၈) မှာ တာဝန်ကျနေတဲ့ စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၃ ၊ ဒေါနစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ ၂၉ ရက် ဒီနေ့မှာ ဒေါနတပ်ရင်း၊ ဗျူဟာ (၃၃) နယ်မြေအတွင်း ခမရ (၅၅၈) ​ကနေ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်သား (၂) ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၂ ယောက်ဟာ ဝဲဂလိအခြေစိုက် အမှတ် (၄) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း တကက (၄) အပတ်စဥ် (၆) က သင်တန်းဆင်းတပ်သားတွေ ဖြစ်ပြီး MA3 (၁) လက် ၊ ကျည်ဘောက် (၁) ဘောက်၊ ကျည် (၂၅) တောင့်နဲ့ လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်စစ်သား ၂ ယောက်ထဲက ၁ ယောက်ဟာ တက္ကသိုလ်ဝင်တန်းအောင်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ညဘက်အပြင်သွားနေချိန် အတင်းအဓမ္မ တပ်သားအဖြစ် စုဆောင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ကျန်တစ်ယောက်ကလည်း သူ့ရဲ့ မွေးရပ်ဇာတိမှာ အငှားယာဥ်ပြေးဆွဲသူ ဖြစ်ပြီး ခရီးသည်ပို့ဆောင်ချိန် ည ၁၁ နာရီခန့်မှာ အတင်းအဓမ္မ စုဆောင်းခံခဲ့ရတယ်လို့ သိရပါတယ်။

“စစ်တပ်၏ အာဏာရှင်စနစ်ကို မကြိုက်၍ CDM ဝင်ခဲ့သည်၊ ပစ အယောက် (၁၀၀) တွင် (၁၀) ယောက်ခန့်သာ တပ်ထဲနေချင်နေကြပြီး အယောက် (၉၀) လောက်က ထွက်ပြေးချင်နေကြပါသည်၊ စစ်တပ်အထဲတွင် ထိန်းချုပ်မှုများလွန်ကဲပြီး အပြစ်ပေးစနစ်ကိုပို၍တင်းကြပ်လာပြီး တပ်အတွင်းတွင်လုံခြုံမှုနည်းလာသည်၊ ထွက်ပြေးသွားကြသူများပြားလာ၍ ဗိုလ်မှူးများကထွက်ပြေးတဲ့ကောင်ကို ဟိုဖက်က ထမင်း (၂) နပ်လောက်ပဲကျွေးပြီး စစ်ဆေးမေးမြန်းပြီးရင် လည် လှီး သတ်ကြမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်၊ ကျန်ရှိနေသော တပ်သားများ အဆက်အသွယ်ယူကြပြီး အမြန်ဆုံး CDM ဝင်ကြရန်၊ ယခုလဲ အာဏာရှင်စကစ စစ်တပ်ကိုမကြိုက်၍ပြန်ပြီးတော်လှန်သွားမည်” လို့ အလင်းဝင်ရောက်လာသူတပ်သား (၂) ယောက်က ထွက်ဆိုကြောင်း ဒေါနတပ်ရင်းက ဆိုပါတယ်။

ဗျူဟာ (၃၃) စစ်ဆင်ရေးမှူးကလည်း CDM အလင်းဝင်ရောက်လာသူတွေကို နွေးထွေးစွာ ကြိုဆိုလက်ခံနေသလို ကျန်ရှိနေတဲ့ စစ်သားတွေအနေနဲ့လည်း အလကားအသက် အသေမခံဘဲ ပြည်သူနဲ့ အမြန်ဆုံး ပူးပေါင်းဖို့ ဒေါနတပ်ရင်းက အသိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူတွင် အကြမ်းဖက်စစ်တပ် မီးရှို့မှုကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကံရပ်ကြီးကျေးရွာ မီးလောင်ပြာကျ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် အင်အားအများအပြားသုံးပြီး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် မြို့နဲ့ ၁၀မိုင်အကွာ ကံရပ်ကြီးကျေးရွာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အရာတော်က အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) ဆီက သိရပါတယ်။
Read More

စင်ပေါ်တွင် ညစ်ညမ်းစကားပြောဆိုသူအပါ ၁၃ယောက် အုပ်စုနှင့် ပွဲစီစဥ်သူ ၃ ယောက်ကို အရေးယူထားကြောင်း စစ်ကော်မရှင် ထုတ်ပြန်

နိုဝင်ဘာလအစက ရန်ကုန်မြို့ Overflow Music Festival ဖျော်ဖြေပွဲမှာ စင်ပေါ်ကနေ လိင်ကိစ္စ ညစ်ညမ်းစကားတွေပြောပြီး ကွန်ဒုံးတွေ ကြဲချခဲ့တဲ့ အဆိုတော် Wink အပါအဝင် အမျိုးသား ၁၃ ယောက်နဲ့ ပွဲစီစဥ်သူ ၃ယောက်ကို ဖမ်းဆီးအရေးယူထားကြောင်း အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

တစ်နိုင်ငံလုံးလျှပ်စစ်မီး အပြည့်အ၀မပေးနိုင်တဲ့ နိုင်ငံမှာ လျှပ်စစ်ရထားပြေးဆွဲဖို့က ဦးစားပေးလို့ မင်းအောင်လှိုင်ဆိုပြန်

တစ်နိုင်ငံလုံးကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်သော်လည်း လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့ ကအရေးကြီးဆုံးဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
Read More

နဂါးနီစစ်ကြောင်းမှ စစ်ရေးအခြေအနေအရ မထုတ်ပြန်ခဲ့သည့် CDM တပ်ကြပ်ကြီးအပါ ကျဆုံးရဲဘော် ၅ ဦး…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နဂါးနီစစ်ကြောင်း P-29903 က စစ်ရေးအခြေအနေအရ မထုတ်ပြန်ထားခဲ့တဲ့ ကျဆုံး ရဲဘော် ၅ ယောက်ကို မနေ့က ညပိုင်းမှာတော့ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း အသိပေး ထုတ်ပြန်လာပါတယ်။
Read More

ချောက်မြို့နယ်ဘက်လာသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ အရာရှိအပါ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ဘက်ကိုလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇူလိုင်လ ၂ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Revolution Army (CRA) တပ်ဖွဲ့ဆီက သိရပါတယ်။