ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အယောက် ၃၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပါတယ်။

အင်အား ၇၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး DKBA ဌာနချုပ် ဆုံဆည်းမြိုင်အနီးသို့ ရောက်ရှိနေစဉ် KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မနေ့က မေလ ၂၇ ရက်နဲ့ ဒီနေ့ မေလ ၂၈ ရက်၊ ၂ ရက်တာ တိုက်ခိုက်မှုအတွင်း တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားပြီး ၃၀ ကျော် ဖမ်းဆီးခံရကာ အများအပြားသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဆီက လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video-Sun Poe
0 Shares:
You May Also Like
Read More

ကျားသစ်နက်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်စဉ် ပါဝင်ခဲ့ပြီး တိုက်ပွဲပေါင်း ၁၀၀ ကျော်တိုက်ခိုက်ခဲ့တဲ့ စခန်းမှူး (ယာယီ) ဗိုလ်မိုက်တီးရဲ့ စျာပန (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ကျားသစ်နက်ပြည်သူ့ကာကွယ်‌ရေး တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ စခန်းမှူး (ယာယီ) ဗိုလ်မိုက်တီး (ခ) ဇော်ရဲမှူး ရဲ့ နာရေးစျာပနကို အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၁၁ထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထီးကလယ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၄ ဦးအား ဖမ်းဆီးရမိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထီးကလယ်စစ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဖားကန့်မြို့နယ် လုံးခင်းရွာတွင် တိုက်ပွဲများ ပြင်းထန်နေ၊ စစ်ကောင်စီတပ်က ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးထား (ရုပ်/သံ)

မေလ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ဖားကန့်မြို့နယ် လုံးခင်းရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးပြီး ဓားစာခံလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအောက်စျေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာရှလမ်း စိုးမိုးနိုင်ရေး ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ တတံကူးကျေးရွာအနီး တိုက်ပွဲ ဖြစ် (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတံကူးကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်မြို့နယ်အတွင်း ရွာစဉ်ပတ်မီးရှို့နေသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၁၇ ဦးသေ၊ အလောင်းများကို ဖြစ်သလို စွန့်ပစ်သွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း အင်အား ၁၈၀ ခန့်နဲ့ ရွာစဉ်ပတ်မီးရှို့နေတဲ့ အကြမ်းဖက်စစ် သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။