ကရင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာစခန်းကနေ သေဘောဘိုး စခန်းအတွက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်သားအချို့ အရှင်ဖမ်းမိထားတယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

မေလ ၂၇ ရက် မနေ့က ညပိုင်းမှာ ဝေါလေဗျူဟာ အခြေစိုက် စစ်ကောင်စခန်းကနေ စစ်ကူလာတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းတစ်ခုလုံး ချေမှုန်းရှင်းလင်းခံခဲ့ရသလို စစ်ကောင်စီတပ်သား ၁၆ ယောက်ထက်မနည်း ဖမ်းဆီးရမိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ဒေသဘက်ကို ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်၊ လေးဝေါ်၊ ဝါးမီထ နဲ့ သေဘောဘိုးစတဲ့ ကျေးရွာတွေက ဒေသခံတွေ ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မင်းတုန်းတွင် ပျူစောထီးတပ်ဖွဲ့ဝင် ၁ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ PDF ဖမ်းဆီးရမိ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အားကိုးနဲ့ မူးယစ်ဆေး သယ်ယူရောင်းချနေတဲ့ ပျူစောထီး ၁ယောက်ကို WY မူးယစ်ဆေးတွေနဲ့ လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

မြင်းခြံ-နွားထိုးကြီးလမ်းပိုင်း စစ်အုပ်စု ဂိတ်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သားနှင့် ပျူ ၅ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ဂိတ်နဲ့ စစ်သားတွေရေချိုးတဲ့ ကန်ကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သားနဲ့ ပျူစောထီး ၅ ယောက် ​သေဆုံးခဲ့တယ်လို့ Peacock Drone Team -Myaung တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

Justice Soldier PDF ရဲ့ စနိုက်ပါတပ်ဖွဲ့ရဲ့ လေ့ကျင့်နေတဲ့ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF ရဲ့ စနိုက်ပါတပ်ဖွဲ့က တိုက်ပွဲအတွင်း ပစ်မှတ်ကို ပိုမိုတိကျသေချာစေဖို့နဲ့ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုကောင်းမွန်လာစေဖို့အတွက် လေ့ကျင့်နေတဲ့ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်၊ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

တလုပ်ကျေးရွာ စစ်အုပ်စုစခန်းကို စစ်ကြောင်း၃ခုဖြင့် ဝင်တိုက်၊ ၈ နာရီကြာ ထိတွေ့မှုပြီး စစ်အုပ်စုဘက် ၈ ယောက်ထက်မနည်း သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ၈ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကော်မရှင်ဘက်က ၈ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာစစ်ကြောင်း) တာဝန်ရှိသူ ရဲဘော်စမာက မောင်းကိုပြောပါတယ်။
Read More

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မည်ဟု NUG အသိပေး

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။