တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ထိုင်း-မြန်မာနယ်စပ်အနီးကို မြန်မာစစ်ကောင်စီရဲ့ Yak-130 တိုက်လေယာဉ်ရောက်ရှိလာတာကြောင့် ကြားဖြတ်ရန် ထိုင်းအစိုးရဘက်မှ F-16 တိုက်လေယာဉ် ၂ စီးကို ထိုင်းလေတပ်ကနေ အရေးပေါ် စေလွှတ်လိုက်တယ်လို့ ထိုင်းတော်ဝင်လေတပ်ကနေ ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့၊ မေလ ၂၈ ရက် ထိုင်းစံတော်ချိန် နေ့လယ် ၁ နာရီ ၃ မိနစ်အချိန်မှာ မြန်မာစစ်တပ်ရဲ့ Yak-130 တိုက်လေယာဉ်ဟာ ထိုင်းဝေဟင်ပိုင်နက်ကို ချည်းကပ်လာတာကြောင့် အခုလို စေလွှတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့နယ်၊ ဝေါလေမြို့နားက သေဘောဘိုးဗျူဟာတပ်စခန်းကို KNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲကလည်း ပြင်းထန်လျက်ရှိနေပါတယ်။
ဒါ့အပြင် သေဘောဘိုးဗျူဟာတပ်စခန်းကို စစ်ကူဖြည့်ဖို့ အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက အပြီးသတ် ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံအတွင်းကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ ဒုက္ခသည် ၃၀၀ ကျော်ကိုလည်း ထိုင်းနိုင်ငံအတွင်းက ဘုန်းကြီးကျောင်းတွေနဲ့ ချက်ကျောင်းတွေမှာ ယာယီလက်ခံထားပေးတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

အဆိုပါ ထိုင်း-မြန်မာနယ်စပ်အနီး ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းလေတပ်သာမက ထိုင်းစစ်တပ်ကလည်း အချိန်ပြည့် လုံခြုံရေးကင်းလှည့်စစ်ဆေးပြီး အသင့်အနေအထား ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။

ဓာတ်ပုံ – AEC
0 Shares:
You May Also Like
Read More

ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ခဲ့သူ ရှီကျီကျန်းကို ထိုင်းအစိုးရ တရုတ်ထံ ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ရာ ငွေလိမ်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို ထိုင်းအစိုးရက ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်မှာ တရုတ်အစိုးရထံ လွှဲပြောင်းပို့ဆောင်ပေးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
Read More

အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး ဖမ်းဆီးထားသူများအား လွှတ်ပေးဖို့ စစ်ကောင်စီကို အမေရိကန် တိုက်တွန်း

စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိ Sean O’Neill က ပြောကြားလိုက်ပါတယ်။
Read More

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrews က NUG ဒုဝန်ကြီးနဲ့ သြစတေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်တို့နဲ့ တွေ့ဆုံခဲ့

သြစတေးလျနိုင်ငံ ကင်ဘရာမြို့မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tom Andrews က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နဲ့ အောက်တိုဘာလ ၁၀ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန် အကြီးတန်းသံအမတ် မြန်မာ့အရေးကို ထိုင်းမှာ လာရောက် ဆွေးနွေးမယ်

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ တာဝန်ခံမှုရှိစေဖို့ အမေရိကန် အကြီးတန်း သံအမတ်ကြီးဖြစ်သူ Beth Van Schaack ဟာ ထိုင်းနိုင်ငံကို လာရောက်ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့…
Read More

ထိုင်း-မလေး ရေနယ်နိမိတ်အတွင်း ရိုဟင်ဂျာလှေနစ်မြုပ်မှု သေဆုံးသူ ၂၇ ဦး အထိ တိုးလာ

ရခိုင်ပြည်နယ်၊ ဗူးသီးတောင်က ရိုဟင်ဂျာတွေအပါအဝင် ရွှေ့ပြောင်းဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစီး ထိုင်း-မလေးရှား ရေနယ်နိမိတ်ထဲ နစ်မြုပ်ခဲ့ရာမှာ နိုဝင်ဘာ ၁၀ ရက်နေ့အထိ သေဆုံးသူ ၂၇ ယောက်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ 
Read More

ကျားဖြန့်တွေကို အင်တာနက်၊ လျှပ်စစ်မီးနဲ့ လောင်စာဖြတ်တောက်မှု ထိရောက်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်ပြော

မြန်မာနယ်စပ်တလျှောက် လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေအပေါ် ပစ်မှတ်ထားတဲ့ ထိုင်းအစိုးရရဲ့ မကြာသေးမီက အစီအမံတွေဟာ ထိရောက်မှုရှိတယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။