ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းရွာမှာ အင်အား ၃၀ နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီရဲ့ ဗိုလ်ရုံစုကို တိုက်ခိုက်ရှင်းလင်းမှုအတွင်း စစ်ကောင်စီတပ်သား ၈ ‌ယောက်သေခဲ့ တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုမှ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၅ ရက် နံနက်ပိုင်းက အုတ်ဖိုမြို့နယ်အပိုင် ထန်းပင်ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဗိုလ်ရုံစုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ခမရ ၆ တိမ်မြုပ်တပ်မှ လက်နက်ကြီးပစ်ကူပေးခဲ့တဲ့အတွက် တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ညနေပိုင်းမှာ စစ်ကောင်စီတပ်စခန်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ လက်နက်ကြီး လက်နက် ငယ်တွနဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ အထိနာကာ အလောင်း ၈ လောင်းကို သယ်ဆောင်ပြီး စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

စခန်းအတွင်းကို တော်လှန်ရေးရဲဘော်တွေ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စခန်းအတွင်းမှ ၆၀ မမ အသီး ၁၂လုံး၊ လက်ပစ်သီး ၅ လုံး၊ ၅.၅၆ ကျည် ၃၀၀ တောင့်၊ အီနာဂါပို့ကျည် ၅ တောင့်၊ တူမီး ၁ လက်၊ ဆန် ၂ အိတ်၊ စားဆီ ၁ ပုံး၊ ဖိနပ် ၂ ရံ၊ အီကွေ့မန့် ၃ ခု၊ ဘောင်းဘီ ၂ ထည်၊ ဦးထုပ် ၃ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်တွင် အဆောက်အအုံအောက် ၄၄ နာရီကြာ ပိတ်မိနေသည့် လူငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ ၂ လမ်းက အဆောက်အအုံအောက်မှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့ ငလျင်ကြောင့် ပိတ်မိနေတဲ့ အမျိုးသား လူငယ် ၁ ယောက်ကို ၄၄ နာရီကြာပြီးနောက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းက ဒရုန်းတွေနဲ့ 1KG ဗုံးသီး ၃၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-Youth Guerrilla Counter Revolution-NZ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရိက္ခာထုပ်ကောက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာထုပ်တွေ လာ‌ကောက်တဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ အဖြူရောင် D.P.Y အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)

ချင်းပြည်နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းမှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘောလခဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စခန်းအား သိမ်းပိုက်ရရှိတဲ့ ရုပ်သံမှတ်တမ်းဖိုင် KNDF ဒုစစ်ဦးစီးချုပ် မာဝီထုတ်ပြန်

ကရင်နီပြည်နယ် ဘောလခဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စခန်းအား သိမ်းပိုက်ရရှိတဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို KNDF ဒုစစ်ဦးစီးချုပ် မာဝီမှ ယနေ့ မတ်လ ၂၂ ရက်မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မန်ကျည်းကုန်းရွာအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၁၁ ယောက်သေခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။