အာဆီယံဘုံသဘောတူညီချက်ကို မလိုက်နာဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အာဆီယံအနေနဲ့ အရေးယူဖို့ အထူးလိုအပ်လာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ် – ၁၁/၂၀၂၅” မှာ ပြောကြားလိုက်ပါတယ်။

“… ၂၀၂၁ ခုနှစ်ကတည်းက အာဆီယံက ထုတ်ပြန်ထားတဲ့ အချက် ၅ချက်မှာ ပထမအချက်ဖြစ်တဲ့ cessasation of violence ကို မလိုက်နာဘဲ မြန်မာနိုင်ငံအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေတဲ့ စစ်ကောင်စီက လိုက်နာဖို့ အာဆီယံအနေနဲ့ အရေးယူကြိုးပမ်းဆောင်ရွက်ပေးဖို့ အထူး လိုအပ်လာနေပြီဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ” လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောပါတယ်။

အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ စစ်ကောင်စီရဲ့ အတုအယောင် ဟန်ဆောင် လူသားချင်းစာနာမှု အပစ်အခတ်ရပ်စဲရေးအပေါ်မှာ ဆက်လက်ပြီး ယုံကြည်မှုပေးနေဖို့လည်း မဖြစ်နိုင်တော့ဘူးလို့ ဦးကျော်ဇော်ကို ပြောဆိုထားပါတယ်။

“မေလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း အိုးတိန်တွင်းရွာ စာသင်ကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသားလူမမယ်များနဲ့ ဆရာမအပါအဝင် ၂၄ဦးထက်မနည်း သေကြေခဲ့ရပြီး ၁၀၀ကျော် ထိခိုက်ဒဏ်ရာရခဲ့တာဟာ စစ်ကောင်စီရဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေထဲက မကြာခင်ကရရှိတဲ့ ခိုင်မာတဲ့ သက်သေ သာဓကတစ်ခုပဲ ဖြစ်ပါတယ်။ အရပ်သားတွေ ၊ စာသင်ကျောင်း ဆေးရုံဆေးခန်းမကျန် ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ စကစထံ လေယာဥ်ဆီရောင်းဝယ်နေတာတွေကို ပြင်းထန်စွာ ဆန့်ကျင်ပြီး ဒီလိုမလုပ်နိုင်အောင် လက်တွေ့ကျပြီး ထိရောက်တဲ့ ဖိအားပေးအရေးယူမှုတွေ ဆောင်ရွက်သင့်ပါတယ်” လို့လည်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ပတ်သက်ပြီး အထူးတလည် အားထုတ် ကြိုးပမ်းဆောင်ရွက်နေတာတွေကို အသိအမှတ်ပြုကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့သာ ပူးပေါင်း ဆောင်ရွက်နေမယ်ဆိုရင် ထိရောက်တဲ့ ကူညီမှုမျိုး ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သက်သေသာဓက အမြောက်အမြားက ပြသနေတယ်လို့ ပြောပါတယ်။

အဲဒါကြောင့် အာဆီယံအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ တစ်ခုတည်းနဲ့ပဲ ဆက်သွယ် ဆောင်ရွက်တာမျိုးမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုပ်ဆောင်သင့်တယ်လို့ ထောက်ပြ ပြောကြားထားပါတယ်။

“ငလျင်ဘေးသင့်တဲ့ ဒေသတွေကို AHA Center အကူအညီပေးတဲ့ကိစ္စတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်တဲ့ ဒေသတွေကပြည်သူတွေ ထိရောက်တဲ့ အကူအညီကို မရရှိသေးပါဘူး။” လို့ ဦးကျော်ဇော် က ပြောပါတယ်။

စစ်မှန်တဲ့ inclusive dialogue ပေါ်ပေါက်ရေးတွက် အာဆီယံ ကြိုးပမ်းချက်ဖြစ်တဲ့ ဘုံရပ်တည်ချက် သဘောထားတွေ ပေါ်ပေါက်နိုင်ရေးနဲ့ တော်လှန်ရေး အင်အားစုများအချင်းချင်း တွေ့ဆုံဆွေးနွေးနိုင်မယ့်အခင်းအကျင်းတွေ ဖြစ်ပေါ်လာရေးကို အာဆီယံအနေနဲ့ အရင်ဆုံး အကူအညီပေးသင့်တယ်လို့လည်း ဦးကျော်ဇောက ပြောပါတယ်။

“အတင်းအကြပ် ဖိအားပေးပြီး စေ့စပ် ဆွေးနွေးစေခြင်းဖြင့် အပစ်အခတ်ရပ်စဲစေခြင်းက ရေရှည်မှာ ပြဿနာ ပြေလည်ရေးကို အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး။ မြောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတစ်ခုက တဖက်သတ် ဖိအားပေး ဆောင်ရွက်နေတာတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွက် အထောက်အကူ မဖြစ်စေနိုင်ပါဘူး။” လို့ ဦးကျော်ဇော် က ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဖမ်းမိခဲ့တဲ့ အုပ်ချုပ်ရေးမှူးဟောင်းကို သိန်း ၅၀၀ လက်ခံပြီး ပြန်လွှတ်ခဲ့တယ်ဆိုတာ မဟုတ်ကြောင်း မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်း ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊  ပုလောမြို့နယ်၊ ရှပ်ပုံစံပြကျေးရွာအုပ်စု တိုက်ပွဲအတွင်း အုပ်ချုပ်ရေးမှူးဟောင်း ၁ယောက်ကို ဖမ်းဆီးထိန်းသိမ်းရမိပြီးနောက် ကျပ်ငွေသိန်း ၅၀၀ လက်ခံကာ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာဟာ စွပ်စွဲချက်သက်သက်သာ ဖြစ်ကြောင်းကို မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ထုတ်ပြန်လာပါတယ်။
Read More

CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ စင်မြင့်မှာ ဆက်လက် အသိအမှတ်ပြုထား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို  နိုင်ငံတကာပါလီမန်များအဖွဲ့က သူတို့ရဲ့ တရားဝင် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်လက် အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ကျင်းပဖို့ ရည်ရွယ်ထားသည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်း

ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်ပြီလို့  ထိုင်းသံရုံးက မနေ့က မတ်လ ၃၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ကြေညာလိုက်ပါတယ်။  
Read More

ရွာငံမှာ ပျူခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းရာ သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရေလှကျေးရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ ဌေးလွင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်  ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံ-နွားထိုးကြီးလမ်းပိုင်း စစ်အုပ်စု ဂိတ်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သားနှင့် ပျူ ၅ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ဂိတ်နဲ့ စစ်သားတွေရေချိုးတဲ့ ကန်ကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သားနဲ့ ပျူစောထီး ၅ ယောက် ​သေဆုံးခဲ့တယ်လို့ Peacock Drone Team -Myaung တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။