စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်းကို ၁၀၇ မမရှော့ တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Brave Warriors for Myanmar (BWM) က ထုတ်ပြန်ဖော်ပြထားပါတယ်။

မေလ ၂၅ ရက် ညပိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်းကို ၁၀၇ မမ ရှော့တိုက် ဒုံး ၇ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၆ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့က တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့တွေကို အဓိက အမိန့်ပေးကွပ်ကဲနေတဲ့ စစ်ဌာနချုပ်ဖြစ်ပြီး အဲဒီဒေသတွေက တော်လှန်ရေး အင်အားစုတွေနဲ့ အညာဒေသပြည်သူတွေကို အဓိက ဒုက္ခပေးနေတဲ့ စက်တပ်လေထီးတွေကို အဓိက သိုလှောင်ထားရှိတဲ့ စစ်ကောင်စီဌာနချုပ်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒ့ါအပြင် အိုးတိန်တွင်းရွာ ဗုံးကြဲမှုကိစ္စအပါအဝင် အညာဒေသကို လေကြောင်းတိုက်ခိုက်မှု၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်မှု စတဲ့ အကြမ်းဖက်မှုတွေကို အဓိက ကြိုးကိုင် ခြယ်လှယ်ကွပ်ကဲနေတဲ့ စစ်ဌာနချုပ်တစ်ခုလည်း ဖြစ်တာကြောင့် BWM နဲ့ မဟာမိတ်အဖွဲ့တွေက BWM ရဲ့ Mission ၃၉ အဖြစ် ဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ No More Dictatorship (NMD) နဲ့ Shadow (Monywa) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နယ်မြေခံတပ်ဖွဲ့တွေဖြစ်တဲ့ Yan Gyi Aung အဖွဲ့၊ Budalin Mobile Team အဖွဲ့၊ နယ်မြေခံပကဖ၊ ရွှေတြိဂံ မဟာမိတ် တပ်ရင်း၊ Justice Brother Force အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရှင်မကန်ပျူစခန်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မအရှေ့ဘက်ရှိ ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲ-ကုန်းသာ-လွိုင်ကော် လမ်းမကြီးများကို စစ်တပ် သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေ (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း မိုးဗြဲ-ကုန်းသာ-လွိုင်ကော်လမ်းမကြီးတွေကို အကြမ်းဖက်စစ်ကောင်စီ တပ်တွေက သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးနေကြောင်း Karenni Nationalities Defense Force - KNDF BO3 က ထုတ်ပြန်အသိပေးထားပါတယ်။
Read More

ပုလဲမြို့နယ် အင်မထီးပျူစခန်းနဲ့ ကံဒေါင့်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၁၀၀ ကျော်ကြဲချတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံ အများအပြားသေ(ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးပျူစခန်းနဲ့ ကံဒေါင့်ရဲစခန်းကို စက်တင်ဘာလအတွင်း ဒရုန်းနဲ့ ဗုံးသီး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ သေဆုံးခဲ့တယ်လို့  Eagle Wings Drone Force  ထံက သိရပါတယ်။
Read More

အမှတ် ၁ စစ်ဒေသ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ က ရှော့တိုက်ဒုံးစမ်းသပ်ထုတ်လုပ်စဉ် မတော်တဆမှုဖြစ်ပွား (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ လက်နက်ကြီးစမ်းသပ်မှုအတွင်း အမှတ် ၁ စစ်ဒေသ ယင်းမာပင် ခရိုင်တပ်ရင်း ၃၅ ရဲ့ ရှော့တိုက်ဒုံးစမ်းသပ်ထုတ်လုပ်စဉ် မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ယင်းမာပင်ခရိုင် တပ်ရင်း၃၅ - People's Defence Army က ထုတ်ပြန်ပြသထားပါတယ်။
Read More

ငါန်းဇွန်​မြို့အတွင်း အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ တောင်ဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်  ၃ စီးကို ထွန်သာရွာနဲ့ ဂျိုရွာကြား ပွိုင့် ၂ ပွိုင့်နဲ့ မိုင်း ၈ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ YouthGuerrilla CounterRevolution-NZ (LPDF) အဖွဲ့ထံက သိရပါတယ်။