မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တွေနဲ့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ဥက္ကဋ္ဌ ရဲဘော် နေမွန် ဦးဆောင်တဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တို့အကြား ပထမအကြိမ် တွေ့ဆုံမှုကို အွန်လိုင်းကတစ်ဆင့် မေ ၂၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဖွဲ့အစည်း ၂ ခုက ပူးတွဲသတင်းထုတ်ပြန်ထားပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာတော့ နှစ်ဖက်အဖွဲ့အစည်းဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံရေးဖြစ်ထွန်းမှု အခြေအနေတွေကို သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ လုပ်ငန်းစဥ်တွေ အားကောင်းလာစေဖို့ အတွက်လည်း လက်တလော လုပ်ငန်းစဥ်၊ ရှေ့လုပ်ငန်းစဥ်တွေကို နှစ်ဖက် အပြန်အလှန် ဆွေးနွေပြီး အမြင် ဖလှယ်ခဲ့တယ်လို့ သိရပါတယ်။
ပြန့်ကျဲနေတဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစု အဖွဲ့အစည်း အသီးသီးကို စုစည်းရေးနဲ့ မဟာမိတ်ဆိုင်ရာ စုဖွဲ့တည်ဆောက်ရေးလုပ်ငန်းစဥ်တွေထဲက လိုအပ်တဲ့ အချက်ကို အလေးထားပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်လို့ ABSDF နဲ့ PRA (မကွေး) က ပူးတွဲသတင်းထုတ်ပြန်ထားပါတယ်။