ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံ စစ်သင်တန်း အပတ်စဥ် (၃/၂၀၂၅) သင်တန်းဆင်းပွဲကို နယ်မြေအခြေအနေအရ မေလ ၂၆ ရက် မနေ့က အကျဥ်းချုံး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ တပ်ဖွဲ့တာဝန်ခံ၊ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်ခွဲ-၁ တပ်ခွဲမှူး၊တပ်ခွဲ-၂ တပ်ခွဲမှူး၊ တပ်ခွဲ-၃ ခွဲမှူးနဲ့ သက်ဆိုင်ရာ တာဝန်ခံအသီးသီး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားမှာ တက်ရောက်လာတဲ့ တာဝန်ရှိသူတွေနဲ့ သင်တန်းဆင်းရဲဘော်တွေက အလံတော်အလေးပြုတာနဲ့ သစ္စာအဓိဋ္ဌာန်သီဆိုတာ၊ ဒုတပ်ရင်းမှူးက သင်တန်းဆင်းရဲဘော်တွေ သစ္စာရေတိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် တပ်ဖွဲ့တာဝန်ခံ ကိုမီးပွား၊ တပ်ရင်းမှူး ကိုရိန်းဂျား၊ ဒုတပ်ရင်းမှူး ကိုမင်းထင်၊ တပ်ခွဲ ၂ တပ်ခွဲမှူး ကိုနန္ဒတို့က သင်တန်းဆင်းရဲဘော်တွေကို အမှာစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။