ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း၂၈ (ဓားမဆိုင်းတပ်မတော်) တပ်ခွဲမှူး ရဲဘော်နိုင်းနိုင်းရဲ့ မိဘတွေကို အဆိုပါ တပ်ရင်း ရဲဘော်တွေက သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။
KIA ဦးဆောင်ဆင်နွှဲနေတဲ့ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးအတွင်း မေလ ၂၂ ရက်နေ့မှာ ကျဆုံးခဲ့တဲ့ ရဲဘော် နိုင်းနိုင်းဟာ အခုမှ အသက် ၂၁ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။
ရဲဘော် နိုင်းနိုင်းဟာ (က) သုံးလုံးစစ်ဆင်ရေး လို့ခေါ်တဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့သူ ဖြစ်ပြီး ဗျူဟာစုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဥ်(၃) မှာ စံပြဆုရထားသူ ဖြစ်ပါတယ်။
Video-ဗိုလ်စွမ်း