ဆုပေးပွဲအခမ်းအနားမှာ ပြည်သူ့ဂုဏ်ရည်ဆုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ်က လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုဟာ မြန်မာပြည်တွင်း ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူတွေကို ပြည်ပရောက် တိုင်းရင်းသားမြန်မာမိသားစုတွေက ဝိုင်းဝန်းဂုဏ်ပြုတဲ့ဆု ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝတလျှောက်လုံး မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ် ထားရှိတဲ့ အနစ်နာခံမှု၊ မေတ္တာတရားနဲ့ နိုင်ငံရေးဦးဆောင်မှုတွေအပေါ် ကျေးဇူးတင်စကားဆိုထားပြီး အကြမ်းဖက်စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေတဲ့ စိတ်ခွန်အားကို ဦးညွှတ် ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

အဆိုပါအခမ်းအနားကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်နဲ့ ပြည်ပရောက်တိုင်းရင်းသား မြန်မာမိသားစုတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များ ယနေ့ ပြန်လည်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ၂၇ရက် ဒီနေ့မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ခဲ့ရသူ အယောက် ၁၀၀၀ ကို ကမ်းရိုးတန်း ဘတ်တံဆိပ်တွေတပ်ပေးပြီး ရှေ့တန်းပို့

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ မတရားစစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ခဲ့ရတဲ့ တပ်သားသစ် အယောက် ၁၀၀၀ ကို ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) က ကမ်းရိုးတန်း ဘတ်တံဆိပ်တွေ တပ်ပေးပြီး စစ်ဆင်ရေးနယ်မြေတွေဆီ ပို့လိုက်တယ်လို့ နတခ နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NLD တည်ထောင်ခြင်း ၃၇ နှစ်မြောက်အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ဖြင့် ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း ၃၇ နှစ်မြောက် အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ထားပြီး ကျင်းပသွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ 
Read More

ရှမ်းပြည်တပ်မတော်တည်ထောင်ခြင်း (၆၁) နှစ်ပြည့် အခမ်းအနား SSPP/SSA ဌာနချုပ်တွင် ကျင်းပပြုလုပ်

ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို ဧပြီလ (၂၄) ရက် ဒီနေ့ မနက်ပိုင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းကွန်းမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက အရပ်သား ၄ ယောက်ကို အကြောင်းမဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ အရပ်ဝတ်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။